🌼ဇနီးချော၏အမိန့်🌼Part-4

9.4K 203 0
                                    


🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-4

"ဟဲ့...ဘွားမြေးကပေါ်လာဖော်ရသေးတယ်နော်"

"အဟိ...သျှင်ကဘွားကိုသိပ်လွမ်းနေတာပါနော်...ဦးမအားလို့လိုက်မပို့ပေးတာ၊သျှင် ဘွားကိုသိပ်သတိရတာ..."

"အေးပါ...ဒီအမေအိုကြီးကိုချွဲပြီ "

"အဟင်း..."

သျှင် ဘွားကိုယ်လုံးတောင့်တောင့်ကြီးကို အတင်းတိုးဖက်ထားရင်း ဖွေးနေသည့်သနပ်ခါးတွေနှင့် ပါးရေတွန့်ပေမယ့် မွှေးနေအောင်လှတဲ့ ပါးပြင်ကိုတဝကြီး မော့နမ်း၍ ကပ်ချွဲမိသည်။

ဘွားကိုယ်ကသနပ်ခါးနံ့လေးက မွှေးနေတာ စိတ်တွေကိုလန်းဆန်းသွားစေပြီး ဦးကိုပါမေ့သွားသည်ထိ။ဦး သူ့ထက်ပိုပြီးအဘွားဖြစ်သူကို အချစ်တွေပိုပေးနေသည့်သျှင့်ခေါင်းကို ဖွဖွထု၍ နဖူးပြင်ကိုပါ လက်နဲ့တောက်ချပစ်၏။

ကိုယ့်ကျအဲ့လောက်နီးနီး ကပ်ချွဲပြီးချစ်ပြပေးကြည့်ပါလား ငုံထားဦးမှာ၊သူ့မြင်တာနဲ့နှုတ်ခမ်းက အလိုလိုစူပြီးသားဖြစ်သွားတဲ့ ကလေးမလေးကြောင့် သူမကျေမနပ်ဖြစ်လျက် မေမေနဲ့အပြိုင်သဝန်ပါတိုချင်လာရကာ...၊

"မေမေ့မြေးကအဲ့လိုပဲ ကျွန်တော့်ကျရင် ပုပ်လေတဲ့ငပိရှိတယ်လို့ကိုမထင်တာ..."

"ဟုတ်လား...မြေးလေး၊ဦးကိုမချစ်ဘူးလား...ပြောစမ်း"

"အာ...ဘွားကလဲ...ဘာတွေမေးမှန်းမသိဘူး"

မျက်နှာကလေးကွယ်ရင်း ရှက်ပြုံးပြုံးနေတာတောင် ဦးကိုနှုတ်ခမ်းစူဖြစ်အောင် စူပုပ်ပြလိုက်သေးသည့်သျှင်။ဒီကောင်မလေးတော်တော်ဆိုးတာ ကိုယ့်ယောကျ်ားက သူသုံးချင်သလောက်သုံးရအောင် ခွဲခန်းထဲကမထွက်ပဲ ရှာဖွေပေးနေရသည်ကို အမောပြေအောင် ပြုံးပြဖို့လေးများ တွန့်တိုနေလိုက်တာ။

သျှင်ဘုန်းမေဆိုသည့်မိန်းကလေးက အဲ့လိုမျိုးကို သိတတ်နေမှုကြီး။

သူ့ခွင့်ရက်မို့လို့ မေမေတို့ဆီလာချင်သည့်သျှင့်ကို အေးအေးဆေးဆေးလိုက်ပို့ပေးခြင်းဖြစ်ပြီး နေ့လည်စာကိုပါ စားလိုက်သည်။သျှင့်မေမေတို့ဖေဖေတို့က သျှင့်မဂ်လာပွဲပြီးတည်းက တောင်ကြီးကိုပြန်တက်ပြီမို့ အိမ်ကြီးမှာ မေမေနဲ့အလုပ်သမားများသာ ကျန်ခဲ့ကာ မြေးတွေအားလုံးတလှည့်စီ လာလည်ပတ်ပေးတတ်ကြ၏။

🌼ဇနီးချော၏အမိန့်🌼Où les histoires vivent. Découvrez maintenant