🌼ဇနီးချော၏အမိန့်🌼Part-9

7.2K 162 1
                                    


      🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-9

                 🌼🌼🌼🌻🌼🌼🌼

"နင်အရင်လိုလက်လက်ထနေလို့မရတော့ဘူးနော်...ကိုယ့်ဟာကိုယ်ဂရုစိုက်အုံး ပြီးတော့ နင့်ဦးကိုလည်းငါတော့အသိပေးစေချင်တယ်...နင့်ပုံစံနဲ့ ဗိုက်ထဲကကလေးကိုစိတ်မချရဘူး"

"No...ငါဦးကိုလုံးဝအသိမပေးသေးဘူး၊နင်သွားမရှည်နဲ့မိန်းမ...ဦးမွေးနေ့ကျမှပြောပြလိုက်ရင် ဦးသိပ်ပျော်နေမှာဟ...နင့်ပါးစပ်ကြီးပိတ်နေနော်"

"အေးပါ...နင့်ကိုစိတ်မချလို့ပြောရတာ
ဒါနဲ့ လူကြီးတွေကိုတော့နင်အသိပေးမယ်မို့လား"

"အင်း...ပေးမှာပေါ့"

ဆေးခန်းကအပြန် ဘွားဘွားတို့အိမ်ကိုပဲ ဟေသာ့အားပြန်ပို့ခိုင်းရသည်။

ဆရာမကကိုယ်ဝန်နှစ်လရှိပြီ ဂရုစိုက်နေပါလို့ပြောလိုက်တည်းက အနေအထိုင်ပုံမကျမှာ ဗိုက်ထဲကကလေးတစ်ခုခုထိခိုက်မိမှာ စိုးရိမ်လွန်ကဲနေသည့် သူငယ်ချင်းဖြစ်သူ အပျိုမလေးဟေသာကြောင့် သျှင်စိတ်ရှုပ်စွာနားပူခံလာရကာ တစ်လမ်းလုံးကားပေါ်မှာ မဲ့ရွဲ့မိလျက်။

သူ့ကလေးမဟုတ်ဘဲနဲ့ ဒီလောက်ပူပင်နေတဲ့သူငယ်ချင်းမတောင် ဒီလောက်အဖြစ်သည်းနေတာ ကလေးအရမ်းလိုချင်နေတဲ့ ဦးသာသိသွားရင် လူကိုဘယ်လောက်များချုပ်ခြယ်နေလိုက်မလဲ။တွေးရင်း ဦးမသိတာလည်း လွတ်လွတ်လပ်လပ်နေလို့ရသည်ဟု တစ်မျိုးကောင်းသလိုဖြစ်ရသည်။

"ဟဲ့...သျှင် ထိန်းဆင်းမှပေါ့ အထဲကထိခိုက်သွားပါအုံးမယ်ဟယ်..."

"အမလေးဟဲ့ ခုမှသွေးခဲလေးဖြစ်ရုံလေးပါ မိဟေသာရယ်...အိုးကမပူစလောင်းကပူနေပြန်ပါပြီ ပိုလိုက်တာ ဟွန့်..."

ဘွားဘွားကြီးတို့အိမ်ရှေ့ရောက်လို့ ကားပေါ်ကဆတ်ခနဲဆင်းလိုက်မိတဲ့သျှင့်ကို သူ့သမီးလေးလို ဆူပူပြောနေသဖြင့် ဟေသာ့အားအမြင်ကတ်မိစွာ ကြည့်ပစ်လိုက်၏။

လူခေါ်ဘဲလ်ကိုလှမ်းနှိပ်လိုက်သည့် သျှင်ကို ကားပြန်ကွေ့ရင်းဟေသာမျက်စောင်းလေး လှမ်းထိုးလျက်...၊

🌼ဇနီးချော၏အမိန့်🌼Where stories live. Discover now