( အခန်း ၁ )

4.6K 199 73
                                    

Omegaverse, Caminò မြို့အတွင်းရှိ 5 satrs အဆင့်မြင့် Felix Hotel ကြီးအတွင်း။

" အခမ်းအနားတွေသေ ချာပြင်ဆင်။ သေချာလုပ်ကြနော် တစ်ခုခုကျကွဲတာနဲ့____"

ခွမ်း*!!

Beta မန်နေဂျာရဲ့စကားတောင်မဆုံးသေး။ ဝိုင်ခွက်အထပ်လိုက်တွန်းလာသော တွန်းလှည်းပေါ်ရှိတစ်ခွက်သည် ခွမ်း ခနဲကျကွဲလေတော့သည်။

Beta ဝန်ထမ်းလေးမှာလည်း ကြောက်လွန်းလို့ မန်နေဂျာကိုပဲအားကိုးတကြီးကြည့်ရှာသည်။ ထိုအချိန်မှာပဲ ကြားလိုက်ရသည့် အက်ရှရှအသံက Hotelအတွင်းလွှမ်းခြုံသွား၏။

" ဘယ်သူပေါ့ဆတာလဲ"

ထိုအသံကြောင့် အလုပ်ကိုယ်စီလုပ်နေကြသော ဝန်ထမ်းများက အသံလားရာကိုအကြည့်ပို့ကြသည်။ ထိုမှသာ မန်နေဂျာရဲ့စကားမဆုံးသေးသည့်စကားသံတိုးတိုးကပေါ်ထွက်လာသည်။

ထိုသည်ကား....... " ဘဲကြီးကအပီဖြဲလိမ့်မယ်"တဲ့။

ထိုလူ၊ ထို Alpha။ Felix Hotel ရဲ့ကြီးကြပ်ရေးမှူး ဂျွန်ဂျောင်ဂု။

အနက်ရောင် ဆံပင်အုပ်အုပ်တို့ကိုအနောက်သို့လှန်တင်ထားသည့်အတွက် အဖျားရှိဆံစလေးများက ခန့်ညားစွာမကျဥ်းမကျယ်နဖူးပြင်၌တစ်စနှစ်စကျနေသည်။

မျက်ခုံးကတန်းတန်း မျက်ဝန်းမှာလျှမ်းလျှမ်းတောက်လျက်၊ နှာတံဖြောင့်ဖြောင့်အောက်ရှိ ခိုလုံရာနှုတ်ခမ်းပါးများက Omegaတိုင်းကိုစက္ကန့်တိုင်းဆွဲဆောင်နေသည်။

ကြောက်ရွံ့နေသော ဝန်ထမ်းကိုကြည့်ပြီး နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်သည့်အခါ အောက်နှုတ်ခမ်း၌မှဲ့နက်နက်ကရင်ဖိုအောင်ကျီစယ်သည်။

မေးရိုးထင်းထင်း အသားဖွေးဖွေးနှင့်ထို Alphaဟာ။ ဝန်ထမ်း ယူနီဖောင်းရဲ့ ရှပ်အင်္ကျီ ​ကြယ်သီးအား သုံးလုံးလောက်ဖြုတ်ဝတ်ထားသည်။ အကြောင်းရင်းသည်က သူ၏ကြွက်သားအပြည့်နှင့်ရင်အုံမောက်မောက်တို့ကတင်းကြပ်နေခြင်းကြောင့်ဖြစ်သည်။

တစ်လှမ်းချင်းလျှောက်လာတဲ့ ခြေလှမ်း ကျဲများနှင့်အတူ အင်္ကျီလက်ကိုခေါက်တင်လိုက်သည့်အခါ။ ညာဘက်လက်ရှိရောင်စုံတက်တူးများနှင့် သွေးကြောတို့ကြောင့် မြင်သူများမှာ မယိုးမယွ။

သတိ! ချစ်စကားမပြောရ(completed)Where stories live. Discover now