Zawgi(အခန်း၁၀)

53 5 0
                                    

ညနက်နက်အချိန်ခါ၌ ရွှေရောင်သန်းသောအိပ်ခန်းအတွင်း ဒေါသကြောင့်ထွက်ပေါ်လာသည့် ထောပတ်သီးရနံ့ Pheromones များကအားကောင်းလွန်းနေသည်။

" တော်တော့လို့ကျွန်တော်ပြောနေတယ်မလား။ အဲ့ဒါခင်ဗျားဦးလေးနော် ဒီလောက်ထိဒေါသထွက်စရာမလိုဘူး။"

" အေး အဲ့ဒီ့ဦးလေးကပဲ ငါချစ်တဲ့မင်းကိုဘယ်လိုအချိုးစားမျိုးပြောခဲ့သလဲ မင်းမကြားလိုက်တာလားဂျောင်ဂု!"

" ကျွန်တော်လည်းပြန်ပြောခဲ့တာပဲလေ။ ဦးလေးကိုအိမ်ပေါ်ကနှင်ချရတဲ့တရားခံက ကျွန်တော်ပါဆိုရင်ဘယ်လိုလုပ်မျက်နှာထားရပါတော့မလဲ ခင်ဗျားနည်းနည်းလောက်ခေါင်းသုံးပြီးစဉ်းစား!။"

တစ်ဆထက်တစ်ဆမြင့်လာတဲ့အသံနှုန်းများနှင့် Pheromones တို့ကထွက်ပေါ်လာသည်။ အကြောင်းရင်းကိုရှင်းရမည်ဆိုပါက ညနေဆောင်းတွင်ထယ်ယောင်း၏ဦးလေးဖြစ်သူနှင့်ဂျောင်ဂုတို့ထိပ်တိုက်တွေ့ကြရာ ဦးလေးဖြစ်သူမှ ဂျောင်ဂုအားပြောဆိုဆက်ဆံပုံဟာရင့်သီးလွန်းတာမို့ စံအိမ်သခင်အနေနဲ့ဦးလေးကိုနှင်ချလိုက်သည့်ထယ်ယောင်းကြောင့် ဂျောင်ဂုဖျောင်းဖျနေခြင်းသာ။ အမှန်ဆို ဂျောင်ဂုလည်း Pheromones အချို့နှင့်ဖိနှိမ့်ကာတုန့်ပြန်ခဲ့ပါသေးသည်။ သူနှင့်ပတ်သက်လျှင်အထိမခံနိုင်ဖြစ်နေတဲ့ထိုလူကသာ ပူလောင်နေခြင်းဖြစ်၏။

သို့ပေမဲ့ ဒေါသကြီးလွန်းသူကခါးကိုထောက်လျက် အိပ်ယာပေါ်ထိုင်နေသည့်ဂျောင်ဂုရဲ့ပခုံးစွန်းနှစ်ဖက်အားဆုပ်ကိုင်ကာ မျက်နှာချင်းနီးကပ်စေပြီးအံကြိတ်သံခပ်တိုးတိုးဖြင့်ပြောလာသည်။

" မင်းက Alpha စစ်စစ်ရောဟုတ်ရဲ့လား။ မဟုတ်မှငါ့တူကိုအသုံးချဖို့ကြံနေတာလား။ Alpha မာနကဘာလဲရောကြားဖူးရဲ့လား။ "

ဦးလေးဖြစ်သူပြောခဲ့သမျှစကားလုံးတို့အား တစ်လုံးချင်းပီသစွာပြောသည်။ သူကတော့မျက်တောင်မခက်တမ်းကြည့်နေပါ၏။

" ဒီလိုမျိုးမင်းကိုပုတ်ခက်နေတဲ့လူကိုငါကဒီအတိုင်းထားရမှာလား။ ဦးလေးလေ အဖေအရင်းမှမဟုတ်တာ။ မင်းခေါင်းထဲမှာမြဲမြန်နေအောင်မှတ်ထားလိုက်ဂျောင်ဂု။ သူလည်းအလိုရှိလို့ငါ့ကိုပျိုးထောင်လာတာ။ ငါလည်းမလွတ်မြောက်နိုင်သေးလို့သည်းခံနေတာ။ ဒါပေမဲ့ မင်းနဲ့ပတ်သက်တာတော့မပါဘူး။"

သတိ! ချစ်စကားမပြောရ(completed)Donde viven las historias. Descúbrelo ahora