( အခန်း၁၅)

1.5K 133 61
                                    

honeymoon ခရီးစဥ်လေး၏တတိယမြောက်နေ့ဖြစ်သည်။ သုံးရက်တောအတွင်းနှစ်ယောက်သားအလုပ်တွေကိုခေါက်ထားပြီးသက်တောင့်သက်သာနေကြ၏။

ယခုမှာတော့ မနက်နေထွက်ချိန်ကိုကြည့်ဖို့ရာအစောကြီးထလာပြီးသဲသောင်ပြင်ပေါ်ခြေအစုံရပ်လို့လက်ချင်းယှက်နွှယ်ထားကြသည်။

မနက်ခင်းရောင်နီသဲ့သဲ့လေးနှင့်အတူပင်လယ်လေအေး​အေးကတိုးဝေ့လျှက်လေပြေယိမ်းနွဲ့သံတွေကိုပါကြားနေရသည်။

တစ်ယောက်သောသူရှိရာဘက်ကိုလှည့်ကြည့်သည်ရှိသော်စိမ်းပြာရောင်ပင်လယ်ကြီးနှင့်အတူထွက်ကာစပြုနေပြီဖြစ်တဲ့နေလုံးကြီးအားနှုတ်ခမ်းထောင့်စွန်းတို့ကော့ညွတ်ကာကြည့်နေ၏။

အစ်ကို့မျက်ဝန်းထဲကကြည်နူးမှုတွေ၊အေးချမ်းမှုတွေကြောင့်နေထွက်ချိန်အလှကိုတောင်ကြည့်ဖို့မေ့နေပြီထင်ပါရဲ့။ ကျွန်တော်ဖြင့်ဒီလူသားကိုချစ်လွန်းလို့၊ကြင်နာလွန်းလို့တစ်သက်တာဆိုတာထက်ပိုပြီးပေါင်းဖက်သွားချင်မိတယ်။

" အချစ် "

" ဟင် "

တွေးတောလက်စချစ်စကားတို့ကလှည့်ကြည့်လာသူ၏စကား၌ရပ်တန့်ရသည်။ ထိုအကြောင်းတို့ကိုရိပ်မိဟန်တူသောအစ်ကိုကခပ်ရေးရေးပြုံးလို့ကျွန်တော့်ပါးပြင်ထက်လက်ဝါးပြင်နွေးနွေးနှင့်အုပ်မိုးလာသည်။ထို့ကြောင့်အစ်ကို့၏လက်ဖမိုးပေါ်ထပ်လျှက်အုပ်မိုးကိုင်ထားလိုက်သည်။

" ဘာတွေတွေးနေတာလဲ ကိုယ်တို့နေထွက်ချိန်လာကြည့်တာလေကွာ"

" ကျွန်တော်ဘာတွေးနေတယ်ထင်လဲအစ်ကို"

" ကိုယ့်အကြောင်းတွေပဲဖြစ်မှာပေါ့"

ဤစကားကြောင့်ဂျောင်ဂုခပ်ယဲ့ယဲ့ပြုံးသည်။ဟုတ်တာပေါ့သိပ်ချစ်ရတဲ့အစ်ကိုကကျွန်တော့်အကြောင်းဆိုသိပြီးသားပဲ။

" ဒါဆိုပြောပါဦး အဲ့ဒီ့နေမင်းကြီးနဲ့ကိုယ်နဲ့ဘယ်သူကပိုလှလဲအချစ်"

" နေမင်းကြီးကပိုလှတာပေါ့"

" ဟ! အချစ်__"

" ဒါပေမဲ့ကျွန်တော်ချစ်တာအစ်ကိုလေ"

သတိ! ချစ်စကားမပြောရ(completed)Where stories live. Discover now