( အခန်း ၃)

1.6K 159 70
                                    

Hotel အတွင်း အပ်ကျသံပင်မကြားရ။ တာဝန်အသီးသီးကျသည့် ဝန်ထမ်းများမှာလည်း တစ်ခြမ်းပြန်ဖွင့်ထားပြီဖြစ်တဲ့ Hotel ဘက်တွင်တကုပ်ကုပ်လုပ်နေကြသည်။ အခါတိုင်းဆိုကြီးကြပ်ရေးမှူးမရှိတုန်း အပါးခိုချိန်လေးရပေမဲ့အခုမှာဖြင့် ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်လို့ ရုပ်တည်ကြီးနှင့်မျက်စိထောက် ထောက်ကြည့်နေပါသော ကြီးကြပ်ရေးမှူးကြောင့် ယားလို့တောင်မကုတ်အားကြပေ။

" ဟိတ် ဟိုကတစ်​ယောက် အချိုရည်လင်ပန်းကိုဘယ်လိုကိုင်နေတာလဲ"

Hotel အဝင်တွင်အချိုရည် နှင့်ကြိုဆိုဧည့်ခံရသည့်အတွက် လင်ပန်းကိုင်ကာရပ်စောင့်နေတဲ့ Beta အလုပ်သမားလေးကိုလှမ်းအော်လိုက်သည့်အသံဟာ ဟိန်းထွက်လို့။

မျက်မှောင်ကြီးကျုံ့ထားသည်မှာ တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်မျိုးပင်။ ထို့ကြောင့် ဝန်ထမ်းလေးလည်း လက်တစ်ဖက်တည်း မ လာတဲ့လင်ပန်းကိုနှစ်ဖက်ပြောင်းကိုင်ရတော့သည်။ မဟုတ်ပါက Hotel အပြင်ကို ဂုတ်ကနေဆွဲလွှတ်ပစ်မလားမသိ။

တစ်စုံတစ်ယောက်ကြောင့်ဖြစ်ပေါ်လာသောဒေါသများသည် အပြစ်မရှိတဲ့ ဝန်ထမ်းများအပေါ်သက်ရောက်သည်။ အပြင်ပိုင်းသာတည်ငြ်ိမ်နေရပေမဲ့ စိတ်ထဲမှာတော့ Hotel တစ်ခုလုံးပြောင်းပြန်လှန်ပြီးလေပြီ။

အထူးသဖြင့်ဟိုလူပေါ့ အမိန့်တစ်ချက်နဲ့လုပ်ချင်ရာလုပ်တဲ့ Ultima Alpha ဆိုတဲ့လူ။ တွေးရင်းတွေးရင်း တနုတ်နုတ်ပေမို့ အံကိုတင်းအောင်ကြိတ်ထားမိသည်။

ထိုအချိန်မှာပဲ တုန်ခါလာသည့်အိတ်ကပ်ထဲကဖုန်းကြောင့်ကိုင်လိုက်၏။

" အင်း ဘာလဲ"

*ဒီနေ့ညီမလေးကိုကြီးဆီလာခဲ့မလို့ရတယ်မလား*

" ဂရုစိုက်လာခဲ့"

တိုတိုရှင်းရှင်းစကားနှင့်အတူ ကျသွားသည့်ဖုန်းကောလ်။ လက်ပတ်နာရီကိုတစ်ချက်ကြည့်ကာ ညီမဖြစ်သူကိုထွက်စောင့်ရန်ပြင်ဆင်သည်။

ထိုသို့ သူတို့ကြီးကြပ်ရေးမှူးထွက်သွားတော့မှသာ ဝန်ထမ်းတွေလည်းအသက်ရှူချောင်ပေတော့သည်။

သတိ! ချစ်စကားမပြောရ(completed)Onde histórias criam vida. Descubra agora