( အခန်း၁၈)

1.1K 112 46
                                    

ကြာသာပတေးနေ့ဖြစ်သောကြောင့်ယနေ့၌ Gold & Black brand company ရဲ့ အပတ်စဥ်လုပ်နေကြ promotion အချိန်ဖြစ်သည်။

ထုတ်လုပ်သည့် brand မှန်သမျှ၏တစ်ဝက်ကိုလျှော့ဈေးနှင့်ရောင်းပေးရခြင်းကြောင့် ဈေးအပြောင်းအလဲမှ CEOဖြစ်သောထယ်ယောင်း နဲ့ second CEOဖြစ်သည့်ဂျောင်ဂုမှာစာရင်းအပြောင်းအလဲတွေအားလက်မှတ်ထိုးပေး၊စစ်ပေးနေရင်း တစ်နေကုန်လပ်တော့ရှေ့ကခွာလို့မရပါချေ။

ဂျောင်ဂုထံအလုပ်မပိစေဖို့ထယ်ယောင်းက တော်တော်များများခွဲယူထားပေမဲ့ များလွန်းတဲ့ဝင်ငွေတွေကြောင့်အနားယူချိန်မှာနည်းပါးလွန်းသည်။ ဒီကြားထဲ တစ်ဖက်ရှိငွေမဲပိုင်းကိုလည်း​ယုံကြည်ရသူ၌လွှဲထားခြင်းကြောင့်သက်သာရာရခြင်းဖြစ်၏။

အခုမှာဖြင့် ထယ်ယောင်းဘေးကပ်လျက်စားပွဲတွင်ထိုင်နေသည့်ဂျောင်ဂုက ကြာကြာထိုင်ထားတဲ့အတွက်ခါးတလျှောက်နာ​ကျင်လာတာမို့ထရပ်ကာ ရုံးခန်းအတွင်းဟိုလျှောက်ဒီလျှောက်လုပ်နေသည်။ ဒါကိုမြင်လိုက်တဲ့ထယ်ယောင်းက ဂျောင်ဂုအားအသံတိတ်လက်ယက်ခေါ်လိုက်သည်။ထို့မှသာ ထယ်ယောင်းစားပွဲရှေ့ကိုလက်ထောက်ပြီးရပ်လိုက်၏။

" ဘာလဲအစ်ကို၊စာရင်းတွေမနိုင်ရင်ကျွန်တော့်ဆီထပ်ပေးပါဆို။"

" မဟုတ်ဘူး၊အချစ်ခါးတွေနာနေမှာစိုးလို့။ နေရထိုင်ရအဆင်မပြေရင်ချက်ချင်းရပ်လိုက်နော် အလုပ်တွေကကိုယ်တစ်ယောက်တည်းဖြစ်အောင်လုပ်လည်းရတယ်။"

ပူပန်သောအပြောကြောင့်ဂျောင်ဂုပြုံးလိုက်ရင်းထယ်ယောင်း၏နဖူးပြင်ကျယ်ကျယ်ထက်အနမ်းခြွေလိုက်ပြီးတဲ့နောက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။

" ကလေးအဖေကိုစိတ်ပူတာလား၊ ကလေးကိုစိတ်ပူတာလား"

" အချစ်ကတော့လုပ်ပြီကွာ.....နှစ်ယောက်လုံးကိုစိတ်ပူတာပေါ့။ကိုယ့်မှာဘယ်အချိန်မင်းအပေါ် side effects တွေရောက်လာမလဲရင်တမမနဲ့ကြည့်နေရတာ။"

" ဟဟ.....ကျွန်တော့်အမျိုးသားကတော့ပူပန်တတ်လွန်းပါတယ်ဗျာ။ "

" ပူရတာပေါ့ မင်းတို့ကကိုယ့်ဘဝရဲ့တစ်နံပတ်တစ်ပဲ"

" ကဲ ယုံပါတယ်......ဒါဆိုကျွန်တော် ကုမ္ပဏီအရှေ့လမ်းထွက်လျှောက်ဦးမယ်။ ထိုင်နေတာကြာတော့ ဗိုက်ထဲကဟာလေးကဆန္ဒပြနေပြီ။ နောက်ပြီး အနားကစားသောက်ဆိုင်မှာတစ်ခုခုသွားစားမလို့အစ်ကိုမှာဦးမလား။"

သတိ! ချစ်စကားမပြောရ(completed)Onde histórias criam vida. Descubra agora