( အခန်း၇)

1.5K 150 105
                                    

main Hotel ရင်ပြင်၌ လက်ကိုအနောက်ပစ်လို့ ဝန်ထမ်းတို့၏လုပ်ပုံကိုင်ပုံတို့အား အကဲခက်နေသူသည် စင်စစ်ကြီးကြပ်ရေးမှူးဂျွန်ဂျောင်ဂုဖြစ်သည်။ အောက်နှုတ်ခမ်းအတွင်းရှိအသားကို စစ ကိုက်ရင်း ညာဘက်ခြေဖျားမှာလည်း ကြမ်းပြင်နှင့်တထောက်ထောက်ရိုက်ခက်ကာပုတ်နေသေးသည်။

အမြဲတည်ငြိမ်သောအသွင်ရှိသည့်ကြီးကြပ်ရေးမှူး၏ ထိုသို့အသေးစိတ်လှုပ်ရှားမှုလေးများကိုကြည့်ပါလျှင် စိတ်မတည်ငြိမ်ခြင်းနှင့် လောလံခြင်းတို့ကို ကိုယ်စားပြုနေသည်။

မျက်ဝန်းများအား လျင်လျင်ထားပြီး ဧည့်အဝင်အထွက်နှင့်ဝန်ထမ်းများကိုလိုက်ကြည့်နေသော်ငြား သူ့ရဲ့စိတ်အစဥ်ဟာ တစ်စုံတစ်ယောက်ထံရောက်နေမှန်းသိသာသည်။

ကိုက်ထည့်လိုက်သော အားကလည်းအမှန်ပင်မသေးသည်မို့ ထိုလူအတော်နာမယ်ဆိုတာသိသည်။ ဆေးထည့်ပေးဖို့တောင်းဆိုခဲ့သူအား ငြင်းလွှတ်ရင်းအပြစ်တွေကိုပြန်သုံးသပ်ခိုင်းခဲ့၏။ မသိလျှင် ဘုရင်တစ်ပါးက သူ၏မိဖုရားကို အပြစ်သုံးသပ်စေသကဲ့သို့။

သို့ပေတိုင် ထိုလူဟာနည်းနည်းလေးမှအလျှော့ပေး၍မရအောင်ရောင့်တက်လွန်းသည်။ ဆေးမထည့်ပေးမယ့်အတူတူအနာသက်သာအောင်ဆိုပြီး လူကိုတော်တော်နဲ့ပြန်မလွှတ်ပဲနမ်းသွားသေး၏။အမှန်ဆို Ultima တွေရဲ့အနာကျက်နှုန်းက သာမန်Alphaတွေထက်တောင်မြန်သေးသည်။ ဒါကိုလူလည်ကျသွားတဲ့ထိုလူက တကယ်ကိုထိုးကြိတ် ပစ်ချင်စရာကောင်းလွန်းပါသည်။

ထိုကဲ့သို့အတွေးများနှင့်ပြည့်နှက်နေစဥ် မလှမ်းမကမ်းရှိကောင်တာတွင်ရပ်နေသော ဝန်ထမ်း Omega မလေးနှစ်ယောက်ရဲ့စကားသံတို့ဟာဂျောင်ဂုနားစည်အတွင်းပျံ့နှံ့လာတော့သည်။

" Gamma အိမ်ရှေ့စံကတအားချောတာပဲနော်။ အရပ်ကြီးကလည်းအရှည်ကြီး... အဟိအဟိ...ငါ့စတိုင်ကြီးပါဟယ်။"

" သွားမလုပ်နဲ့ Gamma အိမ်ရှေ့စံက ဟိုတစ်ခါလာတဲ့ Ultima နောက်ဆုံးမျိုးဆက်နဲ့လူကြီးချင်းသဘောတူထားတယ်ဆိုလားပဲ။"

" ဘာ! လူကြီးချင်းသဘောတူထားတယ်!"

ဝန်ထမ်းမ​လေးရဲ့အသံဟာကျယ်သွားတဲ့အတွက် သူ့ပါးစပ်သူခပ်ကြိတ်ကြိတ်ပိတ်ရင်း ဘေးနားရှိလှည့်ကြည့်လာသူများကို မချိပြုံးပြုံးပြလိုက်သည်။ မလှမ်းမကမ်းမှာရပ်နေတဲ့သူတို့ကြီးကြပ်ရေးမှူးကိုတော့မကြားလောက်ဘူးထင်နေပုံရ၏။ ပြီးမှထိုကောင်မလေးကအသံကြိတ်ကြိတ်နှင့် ဆက်မေးသည်။

သတိ! ချစ်စကားမပြောရ(completed)Onde histórias criam vida. Descubra agora