Camin မြို့၏နယ်စပ်တွင်ရှိသောစိုက်ပျိုးသီးနှံတို့သိုလှောင်ရာဂိုထောင်ကြီးအတွင်း ဝင်ရောက်လာသည့်လူများ။ ထိုထဲမှာ ဆံနွယ်များနည်းတူ အညိုရောင်shirtလက်ရှည်အားတံတောင်၌ခေါက်တင်ထားပြီးပိုးသားpant ဝတ်ထားသူသည်၊ အပြာရောင်shirtလက်ရှည်ကိုသူကဲ့သို့တံတောင်ထိခေါက်တင်ထားတဲ့ချစ်ရသူရဲ့ခါးကျဉ်ကျဉ်ထက်သိုင်းဖက်ထားလေသည်။
အနောက်ကနေ bodygard အချို့လိုက်လာပြီးသော် ထိုဂိုထောင်ကြီးရဲ့သီးနှံအိတ်ကြီးများထားတဲ့နေရာအထိသွားလိုက်သည်။ ပြီးတာနှင့် ဘယ်ထောင့်ချိုးအကွေ့ရှိအခန်းကျဉ်းလေးအတွင်းဝင်သွားကြသည်။
ထိုအခန်းကျဉ်းလေးအတွင်းမှာတော့မြေအောက်ထပ်ကိုတန်းသွားသည့်ကျောက်ဆစ်လှေကားပြေပြေရှိသည်။ လှေကားတလျှောက်နီယွန်မီးရောင်ပျပျသာရှိပြီးမြေအောက်နံ့နှင့်ချွတ်ဆေးနံ့တစ်မျိုးလည်းရနေသေးသည်။
ထိုအရာများဖြစ်လာရခြင်း၏အကြောင်းရင်းမှာကား ထယ်ယောင်းသည်ယနေ့မှာတော့သူ့ရဲ့မှောင်ခိုလက်နက်ရောင်းဝယ်ရေးနယ်မြေဆီဂျောင်ဂုအားခေါ်လာခြင်းဖြစ်သည်။
အပြန်အလှန်မေတ္တာတို့ယှက်နွှယ်ပြီးပြီဖြစ်သောကြောင့် မည်သည့်အရာကိုမှချစ်ရတဲ့အမျိုးသားလေးအားဖုံးကွယ်မထားချင်တဲ့အတွက်ဖြစ်သည်။ အချစ်လေးထံမှဖွင့်ဟဝန်ခံစကားကြားပြီး ၂ပတ်အကြာ၌ကိုယ့်ရဲ့ဖြစ်တည်မှုအားလုံးကိုဝန်ခံခဲ့သည်။
မျက်နှာပျက်သွားရုံကလွဲ၍ထူးထူးခြားခြားမဆက်ဆံသောကျွန်တော့်အမျိုးသားလေးကလက်တွဲဖော်ကောင်းပီသလွန်းပါသည်။ ပြောသေးပါ၏ ' အစ်ကိုလိမ္မာရင်ကျွန်တော့်ကိုသင်ပြပေးပါ၊အစ်ကိုဆိုးသွမ်းနေရင်လည်းကျွန်တော့်ကိုအပါခေါ်သွားပါ' တဲ့။ ထို့ကြောင့် အရာအားလုံးတစ်ခုမကျန်ဖွင့်ပြောပြီး ငွေဖြူဘက်ကလုပ်ငန်းတွေအတော်များများကိုလည်းသူလေးနာမည်နှင့်လွှဲပေးရန်လုပ်ထားသေးသည်။ ထပ်ပြီး သူ့ရဲ့ဦးလေးကိုလည်းအကြောင်းစုံပြောပြထားပြီးသည့်အတွက် Hotel ကြီးကြပ်ရေးမှူးရာထူးကလည်းနှုတ်ထွက်လိုက်သည်။
ဤသို့ဖြင့်ကျောက်ဆစ်လှေကားရဲ့အဆုံး အနက်ရောက် bodyfit shirt အင်္ကျီလက်တိုနှင့် pantအနက်ရောင်တို့ကိုဆင်တူဝတ်ထားသည့် Alpha အမျိုးသမီးအမျိုးသားများက ပုံစံကွဲပြားသောလက်နက်အစုံတို့ကိုလေဆာမီးတဖျတ်ဖျတ်နှင့်စစ်ဆေးနေသည်။
KAMU SEDANG MEMBACA
သတိ! ချစ်စကားမပြောရ(completed)
Fiksi Penggemarအခုလိုသာမင်းပြုံးနေလိုက် ကမ္ဘာမှာနေဆယ်ဆင်းထွက်ရင်တောင်ကိုယ့်အတွက်အေးချမ်းနေပြီ........ Taekook! Omegaverse! Alpha×Alpha! Strong Bottom! Bottomkook! ( ဤ fic တွင်ပါဝင်သောနေရာဒေသများနှင့်အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်) Jan.12.2023