Ring....Ring....Ring....
"အင်း ပြော"
ရေချိုးခန်းထဲကထွက်လာစဉ် အိပ်ယာပေါ်ရှိဖုန်း တုန်ခါလာသည့် အတွက်ကိုင်လိုက်ချိန် သူ့ရဲ့ တည်ငြိမ်အေးစက်သောအသံမှတစ်ဆင့်ဩဇာအပြည့်ရှိကြောင်းသိနိုင်၏။
" မနက်ဖြန် မင်း စံအိမ်ကိုပြန်လာရမယ်။"
" ကျွန်တော့် Rut ကာလမပြီးသေးမှန်း ဦးလေးသိနေတာပဲ။ အခုချိန်ဘာမှစိတ်ရှုပ်မခံချင်ဘူး။"
" ပြန်မလာလို့မဖြစ်တဲ့ကိစ္စမလို့ငါခေါ်နေရတာ ထယ်ယောင်း။ ဂျင်းဂီနင်း Janeiha မြို့ ကနေပြန်ရောက်နေပြီ။"
" ကျွန်တော်နဲ့ဆိုင်လား။"
ဆံစ မှတစ်ဆင့်စီးကျနေသောရေတို့ကို တပတ်နှင့်သုတ်ရင်း ပြောလိုက်သော် တစ်ဖက်ရှိဦးလေးရဲ့အသံဟာတိတ်ဆိတ်သွားသည်။
" ပြီးတော့ အဲ့ဒီ့ Gamma မျိုးနွယ်ကိုပြောလိုက် သူ့နဲ့လက်ထပ်ဖို့စိတ်ကူးထဲကိုမထည့်တာပါလို့။"
" မင်းရူးနေလားထယ်ယောင်း။ အင်အားကြီး Gamma မျိုးနွယ်နဲ့ Ultima တို့ပေါင်းစပ်ပြီးရလာတဲ့ကလေးက ဘယ်လောက်အင်အားကြီးလိုက်မလဲ။ အဲ့ဒီ့ကလေးသာရလာရင် ငါတို့ဒီနိုင်ငံကိုအသာလေးအုပ်ချုပ်လို့ရပြီ။"
" ဦးလေးက ကျွန်တော့်ကိုအထင်သေးလွန်းနေပြီ။ ကျွန်တော်သာဒီနိုင်ငံကိုအုပ်ချုပ်ချင်ရင် ဘယ်ကောင့်မှအားကိုးနေစရာမလိုဘူး။ တစ်ယောက်တည်းနဲ့ Alpha, Beta, Omega အားလုံးကိုခြေဖဝါးအောက်ပြားပြားဝပ်အောင်လုပ်နိုင်တယ်။ နောက်ပြီး ဦးလေး..."
".........."
" ကျွန်တော့်ကိုဘာလုပ်ပါ ညာလုပ်ပါဆိုပြီးလာမခြယ်လှယ်နဲ့။ နောက်တစ်ခါဒါမျိုးရှိလာခဲ့ရင် ဦးလေးခေါင်းကိုဖြတ်ပြီး ဘောလုံးလုပ်ကန်ဖို့ဝန်မလေးဘူး။"
တီ*
ဖုန်းကောလ်အား ချက်ချင်းချပစ်လိုက်သည်။ မဟုတ်ပါက ဒေါသများသည်မီးတောင်ကဲ့သို့ပေါက်ထွက်နိုင်ချေရှိ၏။
Rut ကာလမို့သာမန်အချိန်များထက်ပိုစိတ်ဆတ်နေခြင်းကြောင့် ဦးလေးကိုလည်းခပ်ရိုင်းရိုင်းသာပြောလွှတ်လိုက်သည်။သို့ပေမဲ့ ဦးလေးဟာလည်းထိုစကားလုံးမျိုးနှင့်သာတန်သည်။
ESTÁS LEYENDO
သတိ! ချစ်စကားမပြောရ(completed)
Fanficအခုလိုသာမင်းပြုံးနေလိုက် ကမ္ဘာမှာနေဆယ်ဆင်းထွက်ရင်တောင်ကိုယ့်အတွက်အေးချမ်းနေပြီ........ Taekook! Omegaverse! Alpha×Alpha! Strong Bottom! Bottomkook! ( ဤ fic တွင်ပါဝင်သောနေရာဒေသများနှင့်အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်) Jan.12.2023