( အခန်း ၉)

1.6K 154 101
                                    

နှင်းတွေလည်းလွှမ်းလေပြီ ချစ်သက်သေဟာတည်ပြီး​နေပြီမို့ လှုပ်ရှားမှုတို့ရပ်တန့်သွားသောယာဥ်ငယ်လေးသည် မောဟိုက်ခြင်းတို့ဖြင့်ဘရိတ်အုပ်သ​ည်။

လှိုက်ဖိုငင်သောရင်အုပ်များဟာပိန်လိုက်ဖောင်းလိုက်လှုပ်ရှားနေသည့်အလျောက် ရင်ခွင်အတွင်းမျော့မျော့သာကျန်တော့တဲ့ကောင်လေးမှာလည်း သတိမလစ်အောင်ထိန်းထားရသည့်ဟန်။ သစ်ပင်အားခပ်လျှောလျှောမှီရင်းထိုင်နေသောမိမိ အားဖက်တွယ်ထားတဲ့လက်များကလည်းပြေလျော့သွားပြီး ပခုံးပေါ်မျက်နှာအပ်လျက် တင်းထားရာ အားတို့ကိုလျှော့လိုက်ပုံရသည်။

ထို့ကြောင့် နားအနားသို့ကပ်၍တိုးတိုးလေးပြောလိုက်၏။

" အချစ်~.........ကိုယ့်အပိုင်ဖြစ်ပေးပါ~"

" အာ့ အားးး!!!"

တောပန်းရနံ့ တို့သင်းပျံ့နေသည့်ဂုတ်အနောက်တွင်ရှိသောအနံ့ဂလင်းအားရှည်လျားတဲ့သွားစွယ်များနှင့်ကိုက်ဖောက်ပြီး ကာမပိုင်အဖြစ်သတ်မှတ်လိုက်တော့ နာကျင်စွာအော်ဟစ်သံက နေရာဌာနရှိကျေးငှက်တို့ကိုပါထိတ်လန့်စေ၍ ချစ်ခြင်း၏ပြယုဂ်ကြောင့် မြေပြင်သည်တောင်တုန်ခက်မလိုဖြစ်သွားရသည်။

ထောပတ်သီးရနံ့ Pheromones တို့အားဆက်နွှယ်စေတော့ တရိပ်ရိပ်တက်လာသည့်အကြောတင်းလေးရဲ့နာကျင်မှုက လက်သည်းချွန်ချွန်အဖြစ်ပြောင်းကာမိမိ၏လက်မောင်းအတွင်းစိုက်ဝင်သည်။

တစ်ယောက်တည်းရူးခဲ့ရတာသိပါသည်။ ထိုနည်းတူ mate အလိုကျနှစ်ဦးသဘောတူ အမှတ်သားပြုလုပ်ခြင်းမဟုတ်ပဲ ပိုင်ဆိုင်လိုစိတ်ကြောင့် ကိုယ့်ဘက်ကသာပြုလုပ်လိုက်ခြင်းဖြစ်သည်။ လိုက်ဖက်ညီသော Pheromones များကြောင့်ခေတ္တမျှအချိန်ပေးပြီးတာနှင့် Pheromones တို့ဟာ အကြောတင်းလေးရဲ့ခန္ဓာကိုယ်၌ပေါင်းစည်းသွားလေပြီ ။

တန်ပြန်အမှတ်သားပေးရန်မျှော်လင့်မိသော်လည်း ပင်ပန်းမှုဒဏ်နှင့် အမှတ်အသားရဲ့နာကျင်မှုကြောင့်မေ့မျောသွားတဲ့အနှီလူသားကြောင့် စိတ်မကောင်းပေမဲ့ကျေနပ်သည်။ နောက်ဆုံးတော့ ထိုAlphaဟာ ကျွန်တော့်အပိုင်၊ ဂင်မ်ထယ်ယောင်းအပိုင်ဖြစ်ခဲ့ချေပြီ။

သတိ! ချစ်စကားမပြောရ(completed)Donde viven las historias. Descúbrelo ahora