part -1
"ညို့ လက်မခံနိုင်ဘူး ဒယ်ဒီ ညို့လက်မထပ်ချင်ဘူး"
ငယ်ရွယ်နုပျို၍ လှပတင့်တယ်သောကောင်မလေး စွဲညို့ရှင် အော်၍
ပြောလိုက်သည်။"စွဲညို့ရှင် မိဘဖြစ်တဲ့ငါတို့က ကောင်းစေချင်လို့ စီစဉ်တာကို မင်းက
ခြေနဲ့ဖျက်ဖို့စဉ်းစားနေတာလား "ဖခင်ဖြစ်သူ ဦးရာဇာ အာဏာပါပါ ပြောလိုက်သောကြောင့်
"မာမီ ပြောကူပါအုံး "
မျက်နှာငယ်လေးဖြင့် မိခင်ဖြစ်သူ ဒေါ်မြတ်ယုနားသွားကာ ပုခုံးလေး
မှီရင်း အကူညီတောင်းလေသည်။ စွဲ့ညို့ကြောင့် ဒေါ်မြတ်ယု
ယောက်ျားဖြစ်သူကို ကြည့်ကာ ဘယ်လိုလုပ်မလဲဆိုသော အဓိပ္ပာယ်
ဖြင့် အသံတိတ်မေးလေသည်။ ဦးရာဇာ မည်သို့မှမတတ်နိုင်သော
ကြောင့် မင်းဘဲပြောလိုက်ဟု ပြန်ဖြေလိုက်လေသည်။"သမီး.. မာမီတို့က သမီးကို ကောင်းစေချင်လို့ စီစဉ်တာလေ သမီးရဲ့
နောက်ပြီး မာမီတို့က အတင်းကြပ်မလုပ်ပါဘူးကွယ် အဲ့ကောင်လေးကို
သမီးတွေ့ကြည့်ပေါ့ မေမေတို့ကလဲပြောထားပါတယ် သမီးလက်ခံမှ
လက်ထပ်ဖို့ကို စီစဉ်မယ်ပေါ့ သူတို့ဘက်က အဆင်ပြေတယ်တဲ့
သမီးတွေ့ကြည့်မယ်မလား "ဒေါ်မြတ်ယုစကားကြောင့် ဖခင်ဖြစ်သူကို မရရအောင်ဖျက်မည်ဟူသော
အဓိပ္ပာယ်ဖြင့်ကြည့်ကာ"ကောင်းပြီလေ မာမီပြောလို့ လက်ခံလိုက်တာနော် ပျက်သွားရင်
ညို့နဲ့မဆိုင်တော့ဘူး ""ဟုတ်ပါပြီ မနက်ဖြန်တော့သွားတွေ့လိုက်နော်သမီး"
ဟူး!!!!
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်သော သမီးဖြစ်သူကို ဦးရာဇာ
လက်မြောက်အရှုံးပေးရသည်။စီးပွားဘက်ဖြစ်သော မိတ်ဆွေတစ်ဦး
ကမ်းလမ်းလာသောစကားကြောင့် ဝမ်းသာရပေမဲ့ သမီးဖြစ်သူလုပ်
ရပ်ကို ကြိုမြင်၍ ရင်လေးရသည်။~~~~~~~~~~
ဖြူဖွေးလွန်းသော ရှတ်အင်္ကျီပေါ်၌ ကြက်သွေးရောင် နက်ကတိုင်လေး
စည်းကာ ကုတ်အင်္ကျီဝတ်ဆင်လိုက်သည်။ ကိုယ်လုံးပေါ်မှန်၌ ခန့်ညား
မှုကို အချိန်ကြာစွာ ရပ်ကြည့်ပြီးသည်နှင့် အဝတ်လဲခန်းမှထွက်လာ
သည်နှင့်
YOU ARE READING
🍒 Mafia King's Doll 🍒
Romanceဒီဝတ္ထုလေးကတော့ အရမ်းလဲအချစ်ကြမ်း အရမ်းလဲသဝန်တို မင်းသမီးလေးကို မင်းသားကအနိုင်ကျင့် လုပ်ချင်ရာလုပ်ပြီး ကလေးတစ်ယောက်လို အချွဲတန်တဲ့ မာဖီးယားကြီး ရဲ့ ဇာတ်လမ်းလေးပါ ဖတ်ပေးကြပါအုံးနော်