part -10
ဆေးရုံကဆင်းပြီးအိမ်ပြန်ချိန်ကားပေါ်၌
သူ့လက်လေးအားကိုင်ကာရင်ခွင်ထဲ
အပူပင်ကင်းမဲ့စွာအိပ်ပျော်နေသော
သူမနဖူးလေးအား စစ်မင်းနမ်းလေသည်။ဂျွန်ကားမှန်၌ တစ်ချက်ကြည့်ကာ
"ခေါင်းဆောင် မမလေးက
အရမ်းကြောက်သွားပုံဘဲ"စစ်မင်း ဂျွန်အပြောကြောင့် သူမကိုကြည့်ကာ
"အင်း ကလေးဘဝမှာ
နောက်ထပ်ဆုံးရှုံးရမှာကို
သူမသိပ်ကို ကြောက်သွားတာ ""မမလေး သနားပါတယ်
ခေါင်းဆောင် "ဂျွန် မှန်ထဲမှ စွဲညို့ကိုကြည့်လိုက်ကာ
"ဂျွန် မင်းကားမောင်းမှာမောင်း
နောက်မှန်ကို သိပ်မကြည့်နဲ့ ""ဗျာ.. ဟုတ် "
စကားအကောင်းပြောနေရင်းမှ
စွဲညို့နဲ့ပတ်သက်လာရင်
အရမ်းသဝန်တို တတ်သောခေါင်းဆောင်ကြောင့်
ကြည့်မိတဲ့ ကိုယ့်ကိုကိုယ်သာ
အပြစ်တင်မိသည်။~~~~~~~~~~~
အိမ်ရောက်သည်နှင့် စစ်မင်း
စွဲညို့အားကျော်ကာ ကားပေါ်မှဆင်းပြီး
သူမကိုယ်လေးအား ပွေ့ကာ
တိတ်ဆိတ်ငြိမ်သက်သော အိမ်ထဲသို့
ဝင်ခဲ့လေသည်။တုတ်မှမလှုပ် အိပ်ပျော်နေသောသူမ
ကိုယ်လေးကိုကုတင်ပေါ်ချကာ
စောင်ခြုံပေးပြီးသည်နှင့်
လုပ်လက်စအလုပ်များ ကျန်နေသေးသောကြောင့်
စစ်မင်း ထွက်လာခဲ့သည်။"ဂျွန် ကလေးရဲ့ကုမ္ပဏီကို
သွားမယ် အသင့်ပြင်ထား ""ဟုတ်ကဲ့ ခေါင်းဆောင် "
ဂျွန် ကိုပြောပြီး စစ်မင်းဆိုဖာပေါ်ထိုင်ကာ
"ဒေါ်ပု ..မလုံး "
"ရှင် လာပါပြီ ခေါင်းဆောင် "
အရင်ကနဲ့ တစ်ယောက်တည်းနေလာသော
စစ်မင်း အိမ်မှာ သူမနေမည်ဆိုသည်နှင့်
ဒေါ်ကြီးမြရဲ့ ညီမဝမ်းကွဲနဲ့ တူမကို
သူမအတွက် လုပ်ပေးဖို့ ခေါ်ထားခြင်းပေ။."မင်းတို့ မမလေး နိုးလာရင်
လုပ်စရာရှိတာ အကုန်လုပ်ပေးလိုက်
ဘာမှ မခိုင်းနဲ့ ကြားလား
မင်းတို့မမလေး တစ်ခုခုဖြစ်ရင်
မင်းတို့မလွယ်ဘူးမှတ်"
YOU ARE READING
🍒 Mafia King's Doll 🍒
Romanceဒီဝတ္ထုလေးကတော့ အရမ်းလဲအချစ်ကြမ်း အရမ်းလဲသဝန်တို မင်းသမီးလေးကို မင်းသားကအနိုင်ကျင့် လုပ်ချင်ရာလုပ်ပြီး ကလေးတစ်ယောက်လို အချွဲတန်တဲ့ မာဖီးယားကြီး ရဲ့ ဇာတ်လမ်းလေးပါ ဖတ်ပေးကြပါအုံးနော်