🍒Mafia King's Doll 🍒

3.8K 23 3
                                    


part -2

အနက်ရောင်ကားလေးရောက်ရှိလာ၍ ခမ်းနားလှသော အိမ်ကြီးထဲ
သို့ စစ်မင်းသခင် ဝင်လိုက်သည်နှင့်

"ကြိုဆိုပါတယ် သခင်လေး"

ထိုအိမ်ကြီးမှ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်နှုတ်ဆက်လေ
သည်။

"ဒေးဗစ် ဒယ်ဒီကော"

"သခင်ကြီး ဧည့်ခန်းထဲမှာ ရှိပါတယ် သခင်လေး"

ဦးစစ်ရှိန်၏ လူယုံပြောသည်နှင့် စစ်မင်း ဧည့်ခန်းဘက်လာခဲ့လေသည်။

"ဘယ်လိုလဲသား ကောင်မလေးကိုတွေ့ရတာ အဆင်ပြေလား"

စစ်မင်းကို ကြည့်၍ မေးလာသူ ဦးစက်ရှိန်၏ စကားကြောင့်

"အဟက်.. "

စစ်မင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ

"ကောင်မလေး က ကျနော့်ကို ငြင်းခဲ့တယ် ဒယ်ဒီ "

"ဘယ်လို "

ဦးစက်ရှိန် အံ့ဩမိသည်။ ခန့်ညားပြီး စီးပွားရေးမှာ သူ့ထက်မကတော်
သည့်သားကို ရချင်သည့် မိန်းခလေးဝိုင်းဝိုင်း လည်နေသည်မှာ ပြောစ
ရာမလိုပေ။သို့ပေမဲ့ မိတ်ဆွေဖြစ်သူ၏ သမီးဖြစ်သူအငြင်းခံလိုက်ရသော
သားနားသွား၍ မယုံသင်ကာဖြင့်

"သေချာလို့လား သား မင်းကငြင်းခဲ့တာမဟုတ်ဘူးလား"

ဦးစက်ရှိန်၏ စကားကြောင့် စစ်မင်း ဒယ်ဒီက သားကိုမယုံလို့လားဆို
သည့်သဘောဖြင့် ကြည့်ကာ

"မယုံရင် ဂျွန်ကိုမေးကြည့် "

ဦးစစ်ရှိန် မိတ်ဆွေလဲဖြစ် သူငယ်ချင်းဖြစ်သူ ဦးရာဇာစကားကို ကြားပီး
ထားသောကြောင့် မယုံနိုင်စရာမရှိပေ။ ဦးစစ်ရှိန် အတွေးဝင်နေချိန်

"ဒါပေမဲ့ ဒယ်ဒီ ကျနော် သူ့ကိုလိုချင်တယ် "

စစ်မင်းစကားကြောင့် ဦးစစ်ရှိန်

"မိန်းကလေးက မင့်ကိုငြင်းတာတောင် မင်းကလက်မလျော့ဘူးလား"

ဦးစစ်ရှိန် စကားကြောင့် စစ်မင်း ထိုင်ရာကထကာ

"အဲ့လိုခက်ခဲ တဲ့အရာကိုမှ ကျနော်က နှစ်သက်တာ ဒယ်ဒီ ဒါပေမဲ့
ဒီကိစ္စမှာ နဂါးဂိုဏ်းရဲ့ခေါင်းဆောင် ဦးစစ်ရှိန် ၏သားအနေနဲ့လည်း
မဟုတ် ကျားနက်ဂိုဏ်းရဲ့ ခေါင်းဆောင်အနေနဲ့လဲ မဟုတ်ဘူး
သာမန်လူတစ်ယောက် ပါမောက္ခတစ်ယောက် အနေနဲ့ဘဲ သူမကို
လိုက်ချင်တယ် သူမအဖေကိုလဲ ကျနော်ကိုယ်တိုင် သွားတွေ့ပြီးပြော
မယ် အဲ့ဒါကြောင့် ဒယ်ဒီတို့ 2ယောက်လုံး ကျနော်တို့ကိစ္စ ဝင်မပါပါနဲ့
ဒါဘဲပြောချင်တယ် "

🍒 Mafia King's Doll 🍒 Hikayelerin yaşadığı yer. Şimdi keşfedin