🍒Mafia King's Doll 🍒

1.5K 7 3
                                    

part -14 (End)

"လုံးလုံး "

မိလုံးတစ်ယောက် ဈေးသွားခါနီး
ဘယ်အချိန်ကတည်းကထနေမှန်းမသိသော
စွဲညို့ ခေါ်သံကြောင့်

"ရှင် မမလေး"

"ဈေးသွား တော့မလို့လား "

"ဟုတ် ကဲ့ "

စွဲညို့ ပြောရင်း မိလုံးနားရောက်လာကာ

"ညို့ကောလိုက်မယ် လုံးလုံး"

"ဖြစ်ပါ့မလား မမလေးရယ်
တော်ကြာ ခေါင်းဆောင် သိမှ
မမလေး အဆူခံနေရအုံးမယ် "

"မလိုဘူး သူ့ကို ဂရုစိုက်စရာ
မလိုပါဘူး လာသွားမယ် "

စွဲညို့ ညို့နဲ့အတူ ဈေးသို့ လမ်းလျှောက်သွားလေသည်။

~~~~~~~~~~~

စစ်မင်း နိုးနိုးချင်း သူမနေရာလေးက
အေးစက်နေသောကြောင့် ချက်ချင်းထကာ

"ကျစ့်.. ကလေး
ဘယ်သွားတာလဲ "

စစ်မင်း ရေအမြန်ချိုးကာ အောက်ဆင်းပြီး

"ဒေါ်ပု ဒေါ်ပု "

"ရှင် ခေါင်းဆောင် လာပါပြီ "

"မင်းတို့ မမလေးကော "

"မမလေးက ဈေးထဲလိုက်သွားပါတယ်
ခေါင်းဆောင် "

"ဘယ်ဈေးလဲ "

စစ်မင်း စိတ်တိုလိုက်ရင်း သူ့ထက်မက အဆတစ်ရာ
ပြန်ပြီး ဒေါသဖြစ်သော သူမအရင်ကနဲ့မတူ
စိတ်တိုင်း မကျတာ တစ်ခုခုရှိရင်
အနားမှာရှိတဲ့ဘသူ့ကိုပါ ဒေါသဖြစ်သည်။
ဒီ2လအတွင်း သူမကိုက်ရတွေဘဲ
စစ်မင်း လက်မှာပြည့်နက်လေသည်။
အခုလဲ သူမ ပင်ပန်းမည်စိုး၍ ကြိုဖို့လိုက်ခဲ့ခြင်းပေ။

~~~~~~~~~~

"ရှင်တို့ဘယ်သူတွေလဲ လွှတ်"

အနက်ရောင်ကားပေါ်မှ လူများဆင်းကာ
စွဲညို့အား ဖမ်းခေါ်ပြီး

"မင်းတို့. ခေါင်းဆောင် ကိုပြောလိုက်
သူ့မိန်းမအသက်ကို ပြန်ရချင်ရင်
မနေ့ကယူသွားတဲ့အထုတ်နဲ့ပြန်လာလဲလို့"

ထိုလူပြောမှ မိလုံး ဈေးခြင်းပစ်ချကာ
တန်းနေအောင်ထွက်ပြေးတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 05, 2023 ⏰

Add this story to your Library to get notified about new parts!

🍒 Mafia King's Doll 🍒 Where stories live. Discover now