part-3
စွဲညို့ စစ်မင်းခေါ်၍ အတန်းရှေ့သို့ ကြောက်ကြောက်ဖြင့်
လာခဲ့လေသည်။ စစ်မင်း သူမရောက်သည်နှင့် မျက်ခုံးတွန့်
ရင်းကြည့်ကာ"ခနက ကိုယ်ဘာပြောလဲ မင်းသိလိုက်လား baby "
"ရှင်.. "
စစ်မင်းကိုယ်တိုင် ဆရာဟုမသုံး စွဲညို့မခေါ် babyဟူသော
နာမ်စားကြောင့် သူမအံ့ဩမိသည်။မနေ့ကမှတွေ့သူက
သူမဆရာဖြစ်နေသောကြောင့် သူမ မရဲတရဲကြည့်ကာ"ညို့ ခနက သူငယ်ချင်းနဲ့ စကားပြောနေလို့ မကြာလိုက်လို့ပါ
ဆရာ "သူမပြောသော အကြောင်းပြချက်ကြောင့်
"ကိုယ့်ကို အကြောင်းပြချက်မပေးနဲ့ မကြိုက်ဘူး နောက်ပြီး
အနောက်ဘက်မှာလုံးဝ မထိုင်ပါနဲ့ အရှေ့မှာလာထိုင် သွား
မင့်ပစ္စည်းတွေသွားယူလာခဲ့ ""ဒါပေမဲ့ ဆရာ.. "
"အကြောင်းပြချက် မလိုချင်ဘူး ဒါအမိန့်ဘဲ "
သူမပြောလာသောစကားအား စစ်မင်းကြိုတွေးမိသောကြောင့်
သူမစကားမဆုံးခင်ပြောလိုက်ခြင်းဖြစ်သည်။ တစ်ဆက်တည်း
ပင်"အားလုံးဘဲ ဆရာ တစ်ခုပြောချင်တယ် အခုဆရာချပေးတဲ့
နေရာမှာ စွဲညို့ရှင် ရှိမနေဘဲ တစ်ခြားနေရာမှာ ရောက်နေရင်
ဆရာကို ချက်ချင်းလာပြောကြားလား""ဟုတ်ကဲ့ ဆရာ "
စစ်မင်းစကားဆုံးသည်နှင့် အားလုံးဖြေလိုက်ပေမဲ့ မျက်နှာဆူ
ပုတ်ပုတ်ဖြင့် ဆောင့်အောင့်ကာ လျှောက်လာသူ စွဲညို့ပင်။
သိပ်ချစ်စရာကောင်းသော သူမကြောင့် စစ်မင်း ပြုံးမိသည်။"ဘယ်လိုလူကြီးမှန်းလဲ မသိဘူး လူကို သူ့လက်အောက်
ငယ်သားကျနေတာဘဲ အမိန့်အာဏာသံကြီးနဲ့ စိတ်ညစ်ပါ
တယ် "သူမပါးစပ်က ပွစိပွစိ တီးတိုးပြောနေသော အသံအား စစ်မင်း
အာရုံစိုက်နားထောင်ကာ စိတ်ထဲ၌'ကိုယ်လား ကိုယ်က မင့်ကိုတက်လုပ်.. ဟာ မင့်ကို ချစ်မဲ့လူ
ကြီး'(🙉ပူတူးလေး ကြားသွားမှဖြင့်)
စစ်မင်း သူမကိုစတွေ့မိချိန်ကစပြီး သူမပုံစံလေးကို အသည်း
ယားမိတာပင်။ သူမရဲ့ အပြုံးအားမြင်ရရင် ပျော်ရွှင်နေတာမျိုး
သူမရဲ့လုပ်ဆောင်ချက်တိုင်းအား ချစ်နေမိတာမျိုးပင်။
YOU ARE READING
🍒 Mafia King's Doll 🍒
Romanceဒီဝတ္ထုလေးကတော့ အရမ်းလဲအချစ်ကြမ်း အရမ်းလဲသဝန်တို မင်းသမီးလေးကို မင်းသားကအနိုင်ကျင့် လုပ်ချင်ရာလုပ်ပြီး ကလေးတစ်ယောက်လို အချွဲတန်တဲ့ မာဖီးယားကြီး ရဲ့ ဇာတ်လမ်းလေးပါ ဖတ်ပေးကြပါအုံးနော်