part -8
"ဟင်"
စွဲညို့ထထချင်း ဘေးကအရာတစ်ခုကို
ကြည့်ရင်း အံ့ဩရလေသည်။
သူမ၏ ဘေးမှ အိပ်မော့ကျနေသူ
စစ်မင်း သူမအင်္ကျီကလဲ ညကဝတ်စုံမဟုတ်ကြောင်း
စဉ်းစားရင်း အဖြစ်ပျက်များအားတွေးမိလေသည်။"babe နိုးပြီးလား "
စစ်မင်းနိုးလာသည်နှင့် ဘေးမှငုတ်တုတ်ထိုင်နေသော
စွဲညို့အား မေးလိုက်ခြင်းပေ။သူမမျက်ရည်များဝဲနေသော မျက်ဝန်းဖြင့်
စစ်မင်းအား တစ်ချက်ကြည့်ကာ
မျက်နှာပြန်လွဲပြီး ကုတင်ပေါ်မှ
ဆင်းလေသည်။လှုပ်ရှားလိုက်သည်နှင့် အောက်ပိုင်းနာကျင်မှုကြောင့်
ငိုချင်လာသည်။ သို့ပေမဲ့ သူမမငိုမိအောင်ထိန်းရင်း"ရှင်.. ရှင်ဒီည ဖြစ်ခဲ့တာတွေကို
မရှိခဲ့ဘူးလို့ဘဲ သဘောထားပေးပါ ""ဘယ်လို "
သူမစကားကြောင့် စစ်မင်းအံ့ဩကာ
မေးလိုက်ခြင်းပေ။"ဟုတ်တယ် ဒီညကိစ္စ ကို
ကျမတို့ 2ယောက်ကြားမှာ
မရှိခဲ့ဘူးလို့ဘဲ မှတ်ထားလိုက်ပါ""မင်း ဘယ်လိုပြောလိုက်တာလဲ
စွဲညို့ရှင် "စစ်မင်း ထလာကာ သူမနားကပ်ပြီး
ပြန်မေးလေသည်။ စွဲညို့ ခြေတစ်လှမ်း
နောက်ဆုတ်ကာ"ရှင်ကြားတဲ့အတိုင်းဘဲ
ကျမတို့ 2ယောက်ကဘာမှ
မပတ်သက်ဘူး""ဘာလို့ မပတ်သက်ရမှာလဲ
မင်းနဲ့ကိုယ်နဲ့ မှားခဲ့တာကို
ဘာမှမပတ်သက်ဘူးဟုတ်လား
လက်မထပ်ရသေးပေမဲ့
အခုချိန်မှာ မင်းကကိုယ့်မိန်းမဘဲ""ဘာ ကျမကရှင့်မိန်းဟုတ်လား
ရှင်ရူးနေလား လက်မထပ်ရသေးတဲ့
မိန်းခလေးကို ရှင့်မိန်းမလို့ပြောရအောင်
ရှင့်မှာ ဘာသက်သေရှိလို့လဲ ဟမ် ""စွဲညို့ရှင် "
စစ်မင်း အော်လိုက်ပေမဲ့ သူမတုတ်တုတ်မလုပ်
"ကလေး ကိုယ်မင့်ကို
လက်ထပ်ပါရစေကွာ ကိုယ်မှားခဲ့တဲ့
အမှားတွေကြောင့် လက်ထပ်တာ
မဟုတ်ဘဲ ကိုယ်မင့်ကို
တကယ်ချစ်လို့ပါကွာ
ကိုယ့်ကို မထားခဲ့ပါနဲ့နော် "
ESTÁS LEYENDO
🍒 Mafia King's Doll 🍒
Romanceဒီဝတ္ထုလေးကတော့ အရမ်းလဲအချစ်ကြမ်း အရမ်းလဲသဝန်တို မင်းသမီးလေးကို မင်းသားကအနိုင်ကျင့် လုပ်ချင်ရာလုပ်ပြီး ကလေးတစ်ယောက်လို အချွဲတန်တဲ့ မာဖီးယားကြီး ရဲ့ ဇာတ်လမ်းလေးပါ ဖတ်ပေးကြပါအုံးနော်