🍒Mafia King's Doll 🍒

927 11 0
                                    

part -9

မိဘနှစ်ပါးလုံးဆုံးရှုံးလိုက်ရသောသူမကို
စစ်မင်းနားလည်လေသည်။

"ညို့ သူငယ်ချင်း
အစာလေးဝင်အောင်တော့
စားလိုက်ပါနော် မဟုတ်ရင်
နင်ကျန်းမားရေးထိခိုက်လိမ့်မယ်"

ဟုပြောလာသော လဲ့လဲ့ကို စွဲညို့ကြည့်ကာ

"ငါဘယ်လိုလုပ်စားဝင်မှာလဲ
လဲ့လဲ့ရယ် ငါ့နားမှာဘယ်သူမှ
မရှိတော့ဘူးဟ အဟင့်.. အင့်"

မိဘနှစ်ပါးလုံး7ရက်လည်ပြီးသည်အထိ
သူမ အစာမစားဘဲငိုယိုနေလေသည်။
လဲ့လဲ့ မည်သည့်စကားမှမဆိုတော့ပေ။

"ခေါင်းဆောင် ဒီတိုင်းဆို
မမလေး အားပျက်သွားနိုင်တယ်
ဘယ်လိုလုပ်မလဲ"

သေချာတာပေါ့ အရင်နေ့ကသူကြမ်းထားသော
အရှိန်ရယ် စိတ်အားငယ်မှုရယ်ကြောင့်
သူမဘာဖြစ်နိုင်မှန်းသူသိသည်။

"ဂျွန် .......ဦးရာဇာတို့ကို
ဘယ်သူသတ်တာလဲ ဆိုတာစုံစမ်းပေး
နောက်ပြီး ဒီကိစ္စကိုဘယ်သူမှ
မသိစေနဲ့ ဒယ်ဒီအပါအဝင်ပေါ့ "

"ဟုတ်ကဲ့ ခေါင်းဆောင် "

ဂျွန်အားမှာပြီးသည်နှင့် စစ်မင်းသူမဆီသို့
ဦးတည်လာခဲ့လေသည်။

"ကလေး.. "

သူမမျက်ရည်များ သုပ်လိုက်ကာ

"ရှင်ဘာလုပ်တာလဲ ဦးစစ်မင်းသခင်"

သူမစကားက ပုံမှန်မဟုတ်ဘဲ ခက်ထန်နေသောကြောင့်

"ကိုယ်... "

"ရှင်ထွက်သွား ကျမရှင့်ကိုမမြင်ချင်ဘူး"

စွဲညို့ပြောပြီးသည်နှင့် မျက်နှာလွဲထားလိုက်သည်။
လဲ့လဲ့ ရှောင်ထွက်သွားသည်နှင့်
စစ်မင်း သူမ နားထိုင်ကာ

"ကိုယ်တောင်းပန်ပါတယ်
ကလေးငိုနေတာ ကိုယ့်ကိုမမြင်စေချင်မှန်း
ကိုယ်သိပါတယ် ဒါပေမဲ့ ကလေးရယ်
ကလေးနားမှာ ကိုယ်တစ်ယောက်လုံး
ရှိသေးတယ်ဆိုတာတော့
ကလေးသတိရပေးပါ "

ဟုပြောကာမှ အားကိုးတကြီးဖြင့်
စစ်မင်း လက်မောင်းလေးအားကိုင်ကာ

"ညို့ တောင်းပန်ပါတယ် ဦးစစ်
ဦးစစ်ရဲ့ အချစ်ကို စော်ကားမိသလို
ဖြစ်သွားရင် ညို့တောင်းပန်ပါတယ်
ညို့ကို ခွင့်လွှတ်ပေးပါ "

🍒 Mafia King's Doll 🍒 Où les histoires vivent. Découvrez maintenant