🍒Mafia king's Doll 🍒

1.2K 15 0
                                    

part -4

စစ်မင်း ကြောက်လန့်နေသော
စွဲညို့၏ ပုခုံးအား ကိုင်ကာ

"baby..ကိုရှိတယ်လေ
baby သတိထားပါအုံး
မကြောက်နဲ့တော့နော်"

ဟုပြောကာမှ အသိစိတ်ဝင်လာသောသူမ
ပုခုံးအားကိုင်ထားသောစစ်မင်းလက်ကိုပုတ်ချကာ
ခပ်ကွာကွာဆုတ်ရင်း

"တောင်းပန်ပါတယ် ညို့ကြောင့်
ဆရာကိုအနှောက်ယှက်ပေးသလို
ဖြစ်သွားတယ် ကျေးဇူးပါ ဆရာ"

"ဦး"

"ရှင် "

စစ်မင်း သူမခေါ်သော ဆရာဟူသည့်နာမ်စားကို
မကြိုက်၍ ပြောလိုက်ခြင်းပေ။ နားမလည်စွာကြည့်လာသော
သူမအရှေ့သို့ ခြေတစ်လှမ်း တိုးကာ
သူမခါးသေးသေးလေးအား လှမ်းဖက်ရင်း

"ဦး လို့ခေါ် baby "

လေတိုးစရာနေရာမရှိအောင် ကပ်နေသော
ခန္ဓာကိုယ်2ခု သူမရင်မွှာများ နစ်ဝင်သည်အထိ
တင်းကြပ်စွာ ဖက်ထားသော စစ်မင်းလက်မှ
လွှတ်မြောက်ရန်ရုန်းကန်နေသောသူမအား
ကြည့်ရင်းစစ်မင်းပတ်ဝန်းကျင်ကိုဂရုမစိုက်
ပြုံးနေလေသည်။

"အတင်းမရုန်းပါနဲ့ baby "

ဘေးနားက ကြည့်နေကြသော
လူများနှင့်စစ်မင်းအပြုမူကြောင့်
စွဲညို့ မျက်နှာများနီမြန်းကာ ရှက်သွေးဖြာရင်း

"ညို့ကို လွှတ်ပါ ဆရာ
သူများမြင်လို့မကောင်းပါဘူး"

သူမအပြောကြောင့် စစ်မင်း ပတ်ဝန်းကျင်ကို
ခနကြည့်ပြီးသည်နှင့်

"ကိုယ် ဂရုမစိုက်ဘူး
baby သာ ကိုယ်ခေါ်ခိုင်းသလို
ခေါ်ရင်လွှတ် ပေးမယ် ဘယ်လို့လဲ"

ဘယ်လိုမှငြင်းဆန်၍မရသောစစ်မင်းအား
စွဲညို့ကြည့်ရင်း တိတ်တိတ်လေးချစ်နေရသူ
ကြောင့် နာကျင်မှုကို ပုံပြန်ဖော်ကာ

"အဲ့လို မလုပ်ပါနဲ့.. အဟင့်
ညို့.. ညို့ တောင်းပန်ပါတယ်
ဆရာ ညို့ ဆရာကို မခေါ်နိုင်ဘူးဆရာ
အဟင့်...အင့်.. ဗြဲ"

ချက်ချင်းဆိုသလို ငိုချလာသော
သူမကြောင့် စစ်မင်းပြာယာခတ်စွာ

"ဟာ... babe ဟာ
မငိုပါနဲ့ ကိုယ်တောင်းပန်ပါတယ်
babe မခေါ်ချင်မခေါ်နဲ့နော်
နော်.. babe နော် "

🍒 Mafia King's Doll 🍒 Where stories live. Discover now