🍒Mafia King's Doll 🍒

945 11 1
                                    

part -5

စွဲညို့အနောက်မှထွက်ပေါ်လာသောအသံကြောင့်
လှည့်ကြည့်ကာ

"ဆရာ.. ဆရာကဘယ်လိုဖြစ်ပြီး
ဒီကိုရောက်နေတာလဲ"

သူမနားမလည်၍မေးကာမှ စစ်မင်း
တွန့်ခနဲပြုံးကာ

"ဒါကိုယ့်အိမ်လေ ချာတိတ်"

ဟုပြောကာမှ သူမမျက်လုံးလေးပြူးကာ

"ဒါဆို..ဆရာက "

အရိပ်ပြလို့မှ အကောင်မမြင်တတ်သောသူမကြောင့်
စစ်မင်း သူမနား နားမျက်နှာကပ်ကာ

"ကိုယ်က မင့်ကိုစားသုံးမယ့်
ချာတိတ်ရဲ့ ခင်ပွန်းလောင်း"

နှစ်ကိုယ်ကြားလေသံဖြင့် ပြောသော
စစ်မင်းကြောင့် စွဲညို့ကြက်သီးထမိသည်။
အပြတ်ပြောမည်ဟူသောစိတ်ကိုမလျော့

"ဒီမှာ ဦးစစ်မင်းသခင်
ညို့ရှင့်ကို လက်မထပ်နိုင်ဘူး
တစ်ခါတည်းပြောလိုက်မယ်
ညို့က ယောက်ျားတွေကို စိတ်မဝင်စားဘူး
မိန်းခလေးတွေဘဲစိတ်ဝင်စားတာ
ပြီးတော့ညို့မှာ ချစ်သူရှိတယ်
အဲ့ဒါကြောင့် ရှင့်ကိုလက်ထပ်ဖို့
ဖျက်သိမ်းလိုက်ပါ"

"ဟုတ်လား.. "

သူမပြောသည်ကို ဂရုမစိုက်ဘူးဟူသော
ပုံစံဖြင့်ပြန်တုံ့ပြန်လာသော စစ်မင်းကြောင့်
ဒေါသအလိပ်လိပ်ထွက်မိသည်။

"အေမ့.. "

"အဟက်.. "

စစ်မင်း သူမကိုယ်လေးအား လျက်တပျက်ဆွဲကာ
ရင်ခွင်ထဲ ထည့်ရင်း

"ကိုယ်ကတော့ မင်းနဲ့လက်ထပ်ဖို့
လက်ခံတယ် ဘာလို့ဆို မင်းလေးက
ကိုယ့်နှလုံးသားပိုင်ရှင်လေးမို့ "

စစ်မင်းပြောသည်ကို နားမထောင် အတင်းရုန်းကာ
လက်ထဲမှ လွှတ်မြောက်ရန်ကြိုးစားနေသောသူမအား
ကြည့်ကာ

ပြွတ်!!!!!

နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးအား နမ်းလိုက်မှ
ငြိမ်ကျသွားသောသူမ ငြိမ်သက်နေသော
သူမနှုတ်ခမ်းလေးအား အားရစွာ နမ်းပြီးမှ
လွှတ်ပေးလိုက်ကာ ရှက်သွေးဖြာနေသော
သူမအားကြည့်ရင်း

"ချာတိတ် ပြန်မှာမလား
ကိုယ်လိုက်ပို့ပေးမယ်လေ "

စစ်မင်းနမ်းလိုက်သော နှုတ်ခမ်းလေးအား
ကိုင်ရင်းငြိမ်သက်နေသောသူမ
စစ်မင်းမေးကာမှ ဒေါသမျက်လုံးများဖြင့်ကြည့်ကာ

🍒 Mafia King's Doll 🍒 Onde histórias criam vida. Descubra agora