[Updateနောက်ကျသွားလို့ ဘီယားနဲပါ🙇
Ficပေါင်း သောင်း ခြောက်ထောင်ကို ongoing လိုက်ရင်း ကိုယ့်ဟာလေးကို Update ဖို့ မေ့နေတယ်👀🥲အာ့ကြောင့် ခု အရှည်ကြီး ရေးပေးထားတယ်နော်. . .မကောင်းမကန်းလေးကို စောင့်မျှော်ပေးကြလို့ အာဘွားပါ😘]
"Hi everyone. . welcome from my channel . . . ဒီနေ့ Live မှာ ကျွန်တော်က အခြားနေ့တွေနဲ့ မတူပဲ ကွဲကွဲပြားပြား တင်ဆက်ပေးသွားမှာမလို့ coinလေးတွေ ပေးဖို့ မမေ့ရဘူးနော်"
အနီရောင် mask တပ်ထားသော အမျိုးသားတစ်ယောက် က ပြောသည်။ထိုသူက သေတ္တာတစ်လုံးကို ဆွဲယူလာပြီး
"ပရိတ်သတ်ကြီး လုံးဝ အကြည့်မလွှဲနဲ့နော်. . . အသက်ကို ပြင်းပြင်းရှူမယ် 1 2 3ဆိုတာနဲ့ ကျွန်တော် ဒီသေတ္တာကို ဖွင့်မယ်. . .
အိုကေ အသက်ရှူမယ် ပြီး 1 2 3. . ."ကိုးနွယ်က computer screen ထဲမှ ထိုအမျိုးသားပြောတဲ့တိုင်း လိုက် လုပ်နေမိသည်။နှုတ် မှ 1 2 3 ဟု လိုက် ရေရွတ်နေသည်။
"ကဲ အားလုံး စောင့်မျှော်နေကြတဲ့ . . ."
ထိုအမျိုသားက သေတ္တာရဲ့ လေးဖက် လေးတန် အကာအရံအားလုံးကို ဖွင့် ချပစ်လိုက်သောအခါ တစ်ကိုယ်လုံး ကြိုးတုပ်ခံထားရသော လူငယ်တစ်ယောက် ပေါ်လာသည်။
နောက်ထပ် အပြာနဲ့ အဝါ maskအုပ်ထားသော အမျိုးသားနှစ်ယောက်က ထိုလူငယ်လေးကို ကြမ်းတမ်းစွာ တရွတ်တိုက် ဆွဲ၍ ခေါ်လာကာ ထိုင်ခုံတစ်လုံးပေါ် ထိုင်ချစေလိုက်သည်။
"ဒီနေ့မှာ ကျွန်တော်က ဒီကောင့်ကို နာမည်ကျော် serial killer ဖြစ်တဲ့ Lotus killer ရဲ့ ပုံစံ အတိုင်း သတ်ပြသွားမှာ ဖြစ်ပါတယ် ကျွန်တော်နဲ့ အတူ ကြည့်ရှူ ခံစားလိုက်ရအောင်လားဗျာ. . ."
ကိုးနွယ် စိတ်ဝင်စားနေသည်။
ဒါသည် (. . .)web ထဲက လူသတ်streamခန်းကြီး ဖြစ်၏။
သူ ဒီ channel ကို ဝင် ဝင်ကြည့်နေတာ ဒါနဲ့ဆို နှစ်ခေါက်မြောက်။ကိုးနောင်ရဲ့ computer ကို လျှောက်နှိပ်ရင်း ဒါကြီးဆီ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ ရောက်လာတာပင်။သို့သော် ဒီchannel ကို ဘာကြောင့်မှန်း မသိ သူ ကြိုက်သည်။
YOU ARE READING
'LOTUS KILLER' {Ongoing}
Horrorအမှောင် အောက်က ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်းစာတွေ ထဲ က ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killerဟာ သူ့ ဘေးနားမှာ အိပ်နေတဲ့ သူ ချစ်သောအမျိုးသား...