"ဘာကိစ္စလဲ မင်း စိတ်ကြိုက် ဝင်ထွက်နေရအောင်တရားရုံးက တည်းခိုခန်း မဟုတ်ဘူး"
တရားသူကြီးသည် စာချုပ်တစ်ခုပေါ်တွင် တံဆိပ်တုံးကို ခတ်နှိပ်လိုက်ရင်း ပြတ်ပြတ်ဆိုသည်။
ရှည်လျားသော လက်ချောင်းများက ပန်းနုရောင် စာချုပ်ပေါ် တလွှလွှလေး ပြေးနေသည်။အကြောကြီးများ ထောင်နေသော လက်ဖမိုးများက ရှိုင်းမိုဟန် ကို အကြိမ်ကြိမ် သတ်သည်။
ရှိုင်းမိုဟန်၏ ဖြူသော မျက်နှာသည် ပိုမို ဖြူလျော်နေ၏။ပုံမှန် နီဆွေးနေသော နှုတ်ခမ်းများက ပန်းရောင်ဖျော့ဖျော့လေးသာ သန်းလျက်ရှိ၏။
ရှိုင်းမိုဟန်က ပိန်းပါးသွယ်လျနေ၏။ပုံအမြဲ သွင်းထားတတ်သော ဆံပင်တို့က စာသိုက်လို ဖရိုဖရဲ နိုင်စွာ။
ရှိုင်းမိုဟန်သည် ပဲအလွန်များသော သူဖြစ်၏။ယခုကဲ့သို့ လေတိုက်လျှင်ပင် ကြွေတော့မည့် ရော်ရွက်ဝါလို ပုံစံက ရှိုင်းမိုဟန်နှင့် လားလား မှ မသက်ဆိုင်။
ဆတ်နွယ်က မျက်ခုံးတစ်ဖက်ကို အလိုအလျောက် ပင့်တင်လိုက်သည်။ထူထဲရှည်လျားသော မျက်ခုံးတန်းများက နဖူးအထက် လှလှပပ ပင့်တက်သွားသည်။
"နေမကောင်းဘူးလား . . .အဟမ်း"
အလိုအလျောက် စကား ထွက်သွားပြီးမှ ဆတ်နွယ်က ဂရုမစိုက်ဟန် ကိုယ်ဟန်ဖို့ ချောင်းဟန့်သည်။
"အင်း မကောင်းဘူး "
"တရားရုံးက ဆေးခန်းလား . . .ဆေးခန်းသွားတော့"
ရှိုင်းမိုဟန်က လက်နှစ်ဖက်ကို ထောက်ပြီး မျက်နှာတင်ကာ ဆတ်နွယ်ကို နွမ်းလျစွာ စိုက်ကြည့်သည်။
"ဆေးခန်းက ပေးတဲ့ ဆေးတွေက မင်းမှ မဟုတ်တာ . . . ဘယ်လိုလုပ် ရောဂါက သက်သာမလဲ. . .ခုတော့ သက်သာ သွားပါပြီ . . . ၉၆ ပါး ရောဂါနဲ့ မသေအောင် မင်းကို အိမ် သာ ခေါ်ထားလိုက်ချင်တယ်"
ဆတ်နွယ် က အနက်ရောင် တိုက်ပုံကို ဝတ်ဆင်လိုက်သည်။မောင့်ကျက်သရေ ခေါင်းပေါင်းကို ဆောင်းလိုက်ပြီး လက် က နာရီကို ပြင်ဝတ်သည်။ရွှေရောင်နဲ့ မြစိမ်းရောင် အချိုးကျ ရောစပ်ထားတဲ့ Rolex နာရီဟာ ဝါသော အသားရည်ပေါ်မှာ ပနံသင့် တင့်တယ်လှသည်။
STAI LEGGENDO
'LOTUS KILLER' {Ongoing}
Horrorအမှောင် အောက်က ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်းစာတွေ ထဲ က ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killerဟာ သူ့ ဘေးနားမှာ အိပ်နေတဲ့ သူ ချစ်သောအမျိုးသား...