ခမ်းနော့ဝ်က ကိုးနောင် နဖူးနှင့် နဖူးချင်း တိုက်လိုက်ပြီး ကိုးနောင်ကို ကုတင်ပေါ် လဲစေသည်။“လဲလိုက်”
ကိုးနောင်က ကုတင်ပေါ် လဲအိပ်လိုက်တော့ ခမ်းနော့ဝ်က ကိုးနောင့် လက်တို့ကို ကြိုးနီနီနှင့် စည်းချည်သည်။သူသည် ဆရာဝန်မလုပ်ဘဲ ကြိုးစည်း ကြိုးဖျည် လုပ်ငန်း လုပ်ပါက အတော်လေး အောင်မြင်မည့် အနေအထား ရှိသည်။
“မျက်လုံး မှိတ်ထား”
ကိုးနောင်က မျက်လုံးကို မှိတ်လိုက်သည်။
ခမ်းနော့ဝ်က ဖယောင်းတိုင်နီနီတစ်ချောင်းကို ယူကာ မီးမြှိုက်သည်။ဖျောက်ကနဲ လင်းလာသော ခပ်နီနီ မီးစသည် မှောင်မှောင်ပိန်းသော အခန်းကို ရုတ်ချည်း ထိန်ထိန်ညီးစေသည်။
ကိုးနောင်က တံတွေးမျိုချသည်။ဗုံးတစ်လုံ ကွဲသလို အကျယ်ကြီး အသံမြည်သည်။
“ကြောက်လို့လား”
ကိုးနောင် က ခေါင်းရမ်းပြသည်။ပြီး ခေါင်းငြိမ့်သည်။
“ပျော်တယ်”
“. . . .”
“ဟိုး. . ဟိုး ကောင်းကင်က ဒူဝံကြယ်ကို အတူ ခူးနေရသလိုပဲ . . . မင်း နဲ့ ကိုယ်၊ကိုယ်နဲ့ မင်း နှစ်ယောက်တည်း”
“မင်းက စိတ်ကူးယဉ်ဆန်သားပဲ”
“စိတ်ကူးယဉ် မဆန်တတ်ဘူး ထင်လို့လား”
ခမ်းနော့ဝ် လက်ထဲမှ ဖယောင်းတိုင်မီးရဲ့ အပူငွေ့က ကိုးနောင် ဆီကိုပါ ဟပ်သည်။ဖယောင်းတိုင်နှင့် နီးသော အရေပြားဖြူဖြူက ပူပြင်းကာ နီမြန်းလာသည်။ချွေးသီး ချွေးစက်များ စုဖွဲ့ကာ တစ်လိမ့်ချင်း တစ်လိမ့်ချင်း လျှောကျနေသည်။
“မင်း ချွေးတွေ ထွက်နေပြီ“
ခမ်းနော့ဝ်က ချွေးစက်တွေ တစ်စက်ချင်း စိမ့်ထွက်နေသည်ကို စိမ်ပြေနပြေ ထိုင်ကြည့်နေသည်။သူ ငယ်တုံးကလည်း ကိုးနောင် ကိုယ်ပေါ်က ချွေးစက်တွေကို ရေတွက်နေဖူးသည်။အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ နဲ့ကို ကြည့်ပြီး ရေတွက်နေရတာကို သဘောကျသည်။သူ နဲ့ ပတ်သက်ရင် အကုန် သဘောကျသည်။
BINABASA MO ANG
'LOTUS KILLER' {Ongoing}
Horrorအမှောင် အောက်က ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်းစာတွေ ထဲ က ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killerဟာ သူ့ ဘေးနားမှာ အိပ်နေတဲ့ သူ ချစ်သောအမျိုးသား...