မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ
( From HHHM)**********
အပိုင်း (၄)
မနက်7နာရီထိုးတာနဲ့ ရောင်နီမျက်နှာသစ်သွားတိုက်ကာ အိမ်အတွင်းအပြင်ကို တံမြတ်စည်းစလှည်းတော့သည်။ ဦးငယ်ကတော့ ခြံထဲမှအပင်တွေကိုရေလောင်းကာ အချို့အပင်တွေကိုပန်းအိုးအသစ်ဖြင့်ပြန်ခွဲပေးသည်။ ဆောင်း၀င်ခါစမို့ မြူတချို့ကဖုံးလွှမ်းနေပြီး ချမ်းစိမ့်စိမ့်ခံစားချက်က၀င်ရောက်လာတော့သည်။" ရောင်နီ "
" ခင်ဗျာ "
" ကိုလွင်စျေးသွားလိုက်အုံးမယ် မနေ့ကဆရာ့ကိုမေးခဲ့သေးလား "
" ဆရာက ပုဇွန်နဲ့အားလူးဟင်းတခွက်ချက်ပေးပါတဲ့ နောက်ပြီးသီးစုံပဲကုလားဟင်းကို မဆလာများများနဲ့ချက်ပေးပါတဲ့ကိုလွင် "
" အေး ကိုလွင်မှတ်ထားလိုက်မယ် မင်းကောဘာစားချင်သေးလဲ မုန့်ဟင်းခါး၀ယ်ခဲ့ပေးရမလား "
" ရပါတယ်ကိုလွင်ရယ် ကျွန်တော်ကော်ဖီနဲ့ပေါင်မုန့်စားပြီးပါပြီ "
အားနာတဲ့စိတ်ကြောင့်သာ သူငြင်းပယ်လိုက်ခြင်းဖြစ်သည်။ မနက်စာကို ထမင်းစားရမှသာ တင်းတိမ်တဲ့သူ့အတွက် ကော်ဖီနဲ့ပေါင်မုန့်ကလိုက်လျောနိုင်ခြင်းမရှိပေ။
" ဦးငယ် "
" ဟေ "
" ဆရာက ဘယ်နှနာရီမှအိပ်ယာထမှာလဲဟင် "
" ဘာလို့လဲသားရဲ့ "
" ဟို.....ဆရာကဒီမနက်ကိုးနာရီမှာ ကျွန်တော့်ကိုစာတိုက်လိုက်ပို့မယ်ပြောလို့ပါ "
" ဟုတ်လား ဆရာကအခုအိမ်မှာမရှိဘူးငါ့တူရဲ့ "
" ဟင် ဆရာကဘယ်ထွက်သွားလို့လဲ "
YOU ARE READING
The Villain In Someone's Story(Completed)
Romanceပြဿဒါးနေ့မှာ နှလုံးသားထဲ၀င်ရောက်လာပြီး ရက်ရာဇာမှာပြန်ထွက်မသွားဖို့ ဘုရားမှာအမြဲဆုတောင်းမယ်