Ch-16

3K 222 20
                                    

" မပြောထိုက်တဲ့စကားပါရောင်နီ မင်းငါ့ကိုလက်ထပ်နိုင်မလား "

မငြိမ်မသက်ဖြစ်သွားတဲ့ရောင်နီရဲ့မျက်တောင်တွေက မယုံကြည်နိုင်စရာအဖြစ်အပျက်အလား။ ထွဋ်မောင်သက်ပြင်းချကာ မတ်တပ်ရပ်လိုက်တော့ ရောင်နီရဲ့ခြေလှမ်းတွေကနောက်သို့အနည်းငယ်ရွေ့လျားသွားသည်။ ပိုမုန်းသွားလေမလားဆိုသည့်အတွေးများက သူ့ခေါင်းထဲအစဥ်မပြတ်၀င်ရောက်လာသော်လည်း လက်ထပ်ခွင့်တောင်းခဲ့သည့်စကားအတွက်တော့ သူနောင်တရမှာမဟုတ်ပေ။

" မင်းဘ၀တစ်ခုလုံးစာအတွက် ငါတာ၀န်ယူပေးပါရစေရောင်နီ "

" ကျွန်တော့်မှာချစ်သူရှိပါတယ် "

ခေါင်းခါကာငြင်းဆိုလိုက်တဲ့ရောင်နီရဲ့လက်တွေအား ထွဋ်မောင်လှမ်းဆွဲကာ အခန်းနံရံပေါ်ရောင်နီရဲ့ကျောပြင်ဖြင့်ကပ်ထားလိုက်သည်။

" အဆုံးထိမင်းတို့နှစ်ယောက် ကျော်ဖြတ်နိုင်မယ်လို့ထင်နေတာလားရောင်နီ "

" ကျွန်တော်တို့နှစ်ယောက်စလုံးမချမ်းသာပါဘူး ဒါပေမယ့်ဘယ်လိုနည်းနဲ့မှကွဲကွာမှာမဟုတ်ဘူးဆရာ "

" ဒီစကားကိုမင်းအချိန်ထိပြောနိုင်မှာမို့လို့လဲ "

" အခုချိန်လည်းပြောမယ် နောက်လည်းပြောမယ် "

" မင်းမကြာခင်ငါ့ကိုပြန်ချစ်လာအောင် အမျိုးမျိုးကြိုးစားပြမယ် "

" ဒါဆိုရင်တော့ ဆရာ့ကြိုးစားမှုကအချည်းနှီးပဲဖြစ်မယ်ထင်တယ် "

ရောင်နီရဲ့စကားကြောင့် ထွဋ်မောင်ကဟက်ကနဲရယ်သည်။ မာကျောစွာရယ်လိုက်သော်လည်း နာကျင်စရာခံစားချက်အချို့တော့ ရောပါသွားတာဖြစ်သည်။

" မင်းကိုယ်တိုင်စဥ်းစားပါ သုံးရက်အချိန်ပေးမှာမို့မင်းစိတ်တွေကို ရှုပ်ထွေးအောင်မလုပ်ချင်ဘူး "

တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့လက်တွေကို လွှတ်ပေးလိုက်တော့ သူ့ရင်ဘတ်အား တွန်းဖယ်လာသည်။ ရောင်နီရဲ့အကြည့်တွေက သူ့ထံဦးတည်ခြင်းမရှိတော့တဲ့အခါ အသိစိတ်ပျောက်သွားသူအလား ပူလောင်လာတော့သည်။

The Villain In Someone's Story(Completed) Where stories live. Discover now