မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ
(From HHHM)**********
အပိုင်း(၅)
အာခေါင်မှစန်တက်လာတဲ့ အသိအာရုံကြောင့် ထွဋ်မောင်အမြန်လှမ်းပေးတဲ့ပစ္စည်းထဲ သူအန်ချမိသည်။ သင့်တော်၏ မသင့်တော်၏ဆိုတာသူစဥ်းစားဖို့အချိန်မရ....အဖြစ်ချင်ဆုံးက မျက်လုံးတွေသာစုံမှိတ်ပြီး ငြိမ်ငြိမ်လေးလှဲနေလိုက်ချင်သည်။ ရင်ထဲအနည်းငယ်ပေါ့သွားကာမှ သူအသိပြန်ကပ်ပြီးထွဋ်မောင်အား လှမ်းကြည့်လိုက်တော့ သွေးပျက်မတက်မျက်လုံးပြူးကာ သူ့အားကြောင်ကြည့်နေသည်။ ထွဋ်မောင်၏မျက်နှာအမူအယာကြောင့် သူ့လက်ထဲငုံ့ကြည့်လိုက်တော့ လျှာထိုးဦးထုပ်တစ်ခုထဲ သူအန်ချမိပြီးသားဖြစ်နေသည်။ ထိုဦးထုပ်ဘယ်လောက်တန်မှန်းသူသေချာမသိပေမဲ့ သူ့လစာတ၀က်လောက်တန်ဖိုးရှိမှန်း ခန့်မှန်းမိသည်။" ဆရာ "
" ငါ့ကိုစကားမပြောနဲ့ "
" ဆရာ ကျွန်တော်က.... "
မီးပွိုင့်လွတ်သွားပြီမို့ ထွဋ်မောင်ကားအမြန်မောင်းကာ လမ်းဘေးထိုးရပ်လိုက်သည်။ ဘေးနားက ကောင်စုတ်လေးကတော့ ကားလှုပ်လိုက်တာနဲ့ ထပ်အန်ချမည့်ပုံ။
" ညစ်ညစ်ပတ်ပတ်တွေကို ကားပေါ်ကလွှင့်ပစ်လိုက်စမ်း ရောင်နီစံ "
" ဒါပေမယ့် ဆရာ့ဦးထုပ်.... "
" မလွှင့်ပစ်ရင် ငါမင်းကိုကားပေါ်ကတွန်းချခဲ့မှာနော် '
" ဟုတ် လွှင့်ပစ်ပါ့မယ် "
သူ့အပြစ်သူသိတာမို့ ကားပေါ်မှဆင်းကာ လမ်းတစ်ဖက်ခြမ်းကိုလွှင့်ပစ်လိုက်သည်။ စိတ်ထဲတွင်လဲ ထွဋ်မောင်အားမျက်နှာချင်းမဆိုင်ရဲအောင် သူအားနာမိသည်။
YOU ARE READING
The Villain In Someone's Story(Completed)
Romanceပြဿဒါးနေ့မှာ နှလုံးသားထဲ၀င်ရောက်လာပြီး ရက်ရာဇာမှာပြန်ထွက်မသွားဖို့ ဘုရားမှာအမြဲဆုတောင်းမယ်