*******
အပိုင်း(၁၁)" ဒီနေ့ စျေးသွားတာကြာလှချည်လားကိုလွင်ရဲ့ "
ကိုလွင်လက်ထဲမှ စျေးခြင်းတောင်းကိုရောင်နီလက်လွှဲယူရင်း စပ်စပ်စုစုမေးလိုက်သည်။ ကိုလွင်ကတော့ လက်ထဲမှစာရင်းစာရွက်ကိုသာပြန်ငုံ့ကြည့်ရင်း ပိုက်ဆံလက်ကျန်ကိုရေတွက်နေ၏။
" ဒီနေ့အိမ်ကို ဧည့်သည်လာမှာမို့လိုအပ်တာလေးတွေ၀င်၀ယ်ရင်းကြာသွားတာငါ့ကောင်ရေ "
" ဧည့်သည်? ဘယ်ကဧည့်သည်လဲကိုလွင်ရဲ့ "
" ဆရာ့သူငယ်ချင်း မမလေးစန္ဒီလာမှာလေ။ ဆရာ့မှာမိန်းကလေးသူငယ်ချင်းဆိုလို့ စန္ဒီတစ်ယောက်ပဲရှိတာရောင်နီရဲ့ "
" ဟုတ်လား ဒါဆိုဒီနေ့ကိုလွင်ပိုပြီးအလုပ်ရှုပ်မှာပေါ့ ကျွန်တော်ကူလုပ်လို့ရသမျှ အကုန်လုပ်ပေးမယ်နော် "
" အရမ်းကြီးတော့မရှုပ်ပါဘူးရောင်နီရာ မစန္ဒီကဒီအိမ်နဲ့ရင်းနှီးတဲ့လူတစ်ယောက်ဆိုတော့ စကားပြောတာကအစမိသားစုလိုဖြစ်နေတာ။နောက်ပြီး ဆရာနဲ့မမလေးကိုမိဘချင်းသဘောတူထားကြတာလေ "
" သြော် အဲ့တာကြောင့်ဆရာနဲ့နှစ်ယောက်သားရင်းနှီးနေတာထင်တယ်နော် "
" ရင်းနှီးပေမယ့် မမလေးနဲ့ဆရာကဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး ငါကျိန်ပြောရဲတယ် "
" ဟင် ဘာလို့လဲ "
" သူတို့နှစ်ယောက်ကငယ်သူငယ်ချင်းတွေလေ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတဲ့ဆက်ဆံရေးကလွဲပြီး အခြားခံစားချက်မျိုးမရှိကြဘူး နှစ်ယောက်သားကတွေ့တာနဲ့ရန်ဖြစ်နေတာ မင်းခဏနေရင်တွေ့ပါလိမ့်မယ် "
YOU ARE READING
The Villain In Someone's Story(Completed)
Romanceပြဿဒါးနေ့မှာ နှလုံးသားထဲ၀င်ရောက်လာပြီး ရက်ရာဇာမှာပြန်ထွက်မသွားဖို့ ဘုရားမှာအမြဲဆုတောင်းမယ်