Ch-10

3.3K 234 10
                                    

*****အပိုင်း(၁၀)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

*****
အပိုင်း(၁၀)

"ရောင်နီရေ ဖုန်းလာနေတယ်ဟေး "

လှေကားလက်ကိုင်တွေဖုန်သုတ်ရင်းကြားလိုက်ရတဲ့ကိုလွင့်အသံကြောင့် ရောင်နီလုပ်လက်စအလုပ်ကို ခဏချကာထမင်းစားခန်းထဲသို့ဦးတည်သွားလိုက်သည်။ သူ့ဆီလာနိုင်တဲ့ဖုန်းက သောင်းစန့်ကလွဲပြီးအခြားသူမရှိ။

" ကျေးဇူးနော် ကိုလွင် "

" အေးပါကွာ ဖုန်းပြောပြီးရင်ငါ့ဖုန်းကိုအဲ့စားပွဲပေါ်သာတင်ခဲ့လိုက် "

" ဟုတ်ကဲ့ "

လူရှင်းသွားပြီဆိုကာမှ လက်ထဲမှဖုန်းလေးအားရောင်နီသေချာဆုပ်ကိုင်ရင်း သောင်းစန့်အားအသံပေးလိုက်သည်။ မတွေ့ရတဲ့ရက်တွေအတွင်း အများကြီးလွမ်းနေရပြီမဟုတ်လား~~~

" သောင်း "

" အလုပ်တွေရှုပ်နေလားအချစ် အလုပ်ချိန်ကြီးဖုန်းခေါ်မိလို့ မောင်ကအားနာနေတာ "

" ရပါတယ်မောင်ရဲ့ ဒီအိမ်ကလူတွေကအကုန်သဘောကောင်းကြပါတယ် "

" မောင်အချစ်ကိုပြောစရာရှိလို့ဖုန်းဆက်လိုက်တာပါ ဒါပေမဲ့အဲ့စကားက မောင်တို့နှစ်ယောက်အတွက်၀မ်းနည်းစရာလား ၀မ်းသာစရာလားဆိုတာတော့မောင်သေချာမသိဘူး "

" ဘာစကားမို့လို့အဲ့လောက်ထိစကားခံနေရတာလဲ သောင်းစန့်ရယ်"

" မောင်လွန်ခဲ့တဲ့တစ်ပတ်က မင်းကိုလွမ်းလို့ဆိုပြီးသီချင်းတပုဒ်တင်လိုက်တယ်ကွာ ဒါပေမဲ့မထင်မှတ်ပဲအဲ့သီချင်းကလူသိများသွားတယ် နောက်ပြီးEntertainmentတစ်ခုကမောင့်ကို သူတို့ဆီမှာ Auditionလာဖြေဖို့ကမ်းလှမ်းထားတယ် အကယ်၍မောင်ပါသွားရင် အဆိုတော်ဖြစ်ခွင့်ရမှာအချစ်ရဲ့ "

The Villain In Someone's Story(Completed) Where stories live. Discover now