Ch-20

3.7K 235 14
                                    

မောင့်အချစ်ရေ~~~ ဒီစာကိုမင်းဆီပို့နေတဲ့အချိန်မှာ မောင့်ရင်တွေအရမ်းပူလောင်နေတယ်ဆိုတာမင်းယုံနိုင်မလား။ တသတ်လုံးမမျှော်လင့်ခဲ့တဲ့စကားကို မင်းနှုတ်ကသူစိမ်းဆန်စွာပြောခဲ့တဲ့နေ့က မောင့်ဘ၀မှာပျော်ရွှင်ခြင်းတွေအလျှင်းပျောက်ကွယ်ခဲ့တဲ့နေ့ပါပဲ။
မင်းရဲ့လက်ကို အခြားသူကတင်းကျပ်စွာဆုပ်ကိုင်ထားတဲ့အချိန်မှာ မောင့်အရမ်း၀မ်းနည်းနေခဲ့တာအချစ်ရဲ့~~~တကယ်ဆိုရင် အဲ့နေရာမှာမောင်ဖြစ်နေသင့်တာမဟုတ်လား။

မောင်တို့ကငယ်ရွယ်တဲ့သူတွေပါအချစ်ရယ် ဘာကြောင့်များလောကကြီးရဲ့လှည့်ကွက်တွေကိုရင်မဆိုင်ရဲရမှာလဲ။ မောင့်ရဲ့အိမ်မက်တွေက မင်းကြောင့်နှောင့်နှေးကုန်မယ်ပြောခဲ့လို့ မောင်အခုအဲ့ဒီကုမ္ပဏီကနေအပြီးထွက်လာခဲ့လိိုက်ပြီ။ အချိန်တွေမလွန်ခင်ထွက်လာနိုင်ခဲ့လို့ ကုမ္ပဏီအတွက်ကောမောင့်အတွက်ကောအဆင်ပြေသွားတယ်လို့ပြောရမယ်။ မင်းကိုနားလည်စေချင်တာက မောင့်ရဲ့အိမ်မက်တွေကမင်းကြောင့်နှောင့်နှေးနေတာမျိုးမဟုတ်ပဲ မင်းကသာမောင့်ရဲ့အိမ်မက်တွေဖြစ်နေတာကို သိစေချင်တယ်အချစ်ရယ်။မောင်ကအဆုံးထိရှေ့ဆက်ဖို့ကြိုးစားခဲ့ပေမယ့် မောင့်အချစ်ကဘာကြောင့်များသတ္တိမရှိရတာလဲ။ အကယ်၍ကျေးဇူးကြွေးတစ်ခုကြောင့်သာ မင်းဆရာနဲ့လက်ထပ်ရမယ်ဆိုရင် မောင့်ဆီပြန်လာပြီးအရာအားလုံးကိုနှစ်ယောက်အတူဖြတ်ကျော်ကြရအောင်ပါ။ မိုက်ရူးရဲဆန်တဲ့လူငယ်နှစ်ယောက်ရဲ့အချစ်က ဘယ်လိုအကြောင်းအရာမျိုးနဲ့မှပျက်သုဥ်းမသွားဘူးဆိုတာ လောကကြီးကိုသက်သေပြကြရအောင်ပါအချစ်ရေ။ မောင်ကတော့မင်းနဲ့အမြဲဆုံနေကျ ရွာထိပ်ကလက်ပံပင်အောက်မှာနေ့တိုင်းမင်းကိုတမ်းတနေဆဲပါပဲ။ မင်းသာဆန္ဒရှိမယ်ဆိုရင် မောင့်ဆီပြန်လာခဲ့ဖို့နောက်ဆုံးအနေနဲ့မှာကြားချင်သေးတယ် မောင်ကမင်းရဲ့တစ်ဦးတည်းသောအနွေးဓာတ်လေးဖြစ်နေသေးတယ်ဆိုရင်ပေါ့~~~~

ဖုန်းထဲ၀င်ရောက်တာကြာပြီဖြစ်တဲ့ messageလေးအား ရောင်နီအထပ်ထပ်အခါခါပြန်ဖတ်နေမိ၏။ တကယ်ပဲသူဟာသတ္တိနည်းတဲ့လူတစ်ယောက် ဖြစ်နေခဲ့သလား။ သို့ပေမယ့် မောင့်အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကယနေ့အချိန်ထိ အတုအယောင်ကင်း၀ေးကာ ခိုင်မြဲနေဆဲဖြစ်သည်။ ရှုပ်ထွေးနေတဲ့အတွေးအာရုံတွေထဲ မောင့်ဘ၀လေးသူ့ကြောင့်နစ်မွန်းသွားမှာကိုတော့ အကြောက်ဆုံးဖြစ်၏။

The Villain In Someone's Story(Completed) Where stories live. Discover now