အေးမြမြဆောင်းအရသာက ကော်ဖီတစ်ခွက်သောက်ရင်းအချစ်သီချင်းလေးနားထောင်ဖို့ အချိန်ကိုက်ဖန်တီးပေးထားသော်လည်း ရောထွေးနေတဲ့ခံစားချက်တွေကြောင့် သူ့ရင်ထဲတွင်ပူလောင်နေရသည်။ သိပ်တော်လွန်းတဲ့အနွေးဓာတ်လေးက နောက်ဆုံးအဆင့်ထိတက်လှမ်းသွားပြီဖြစ်သော်လည်း လက်တွေ့အချိန်မှာတော့သူအနည်းငယ်၀မ်းနည်းမိသည်။ အရာအားလုံးဖြတ်ကျော်ပြီးတဲ့အခါ ထိုအနွေးဓာတ်လေးက သူ့အားမေ့ပျောက်သွားလေမလား~~~~
" မောင်အခုစိတ်တွေလှုပ်ရှားနေတာ "
နောက်ဆုံးအဆင့်ယှဥ်ပြိုင်ဖို့ သူ့အလှည့်ကျရန်စောင့်ဆိုင်းနေတဲ့မောင်က စိုးရိမ်ပူပန်နေပုံရသည်။ ဂစ်တာအနက်လေးကိုစလွယ်သိုင်းရင်း ဘယ်ညာလှုပ်ယမ်းနေပုံအရ မောင်အရမ်းစိတ်လှုပ်ရှားနေသည့်ပုံ။
" သောင်း "
" ဗျ "
" အရမ်းကြီးစိတ်မလှုပ်ရှားနဲ့နော် မင်းလုပ်နိုင်မယ်ဆိုတာငါအကြွင်းမဲ့ယုံတယ် "
စိတ်အေးအောင် မောင့်ရင်ဘတ်ပေါ်သူ့လက်ဖြင့်အသာဖိရင်းခပ်ဖွဖွပွတ်ပေးတော့ မောင်ကသဘောကျစွာပြုံးရယ်သည်။ မီးခိုးရောင်ရှပ်အင်္ကျီအသစ်လေးနှင့်မိုးပြာရောင်ဂျင်းဘောင်းဘီကို သပ်သပ်ရပ်ရပ်၀တ်ဆင်ထားသည့် မောင့်ပုံစံကတကယ်ကို ကိုရီးယားမင်းသားအလား။
" အာ မေ့တော့မလို့...ငါမောင့်ကိုပေးစရာလက်ဆောင်ရှိတယ် "
ကျောပိုးထားသည့်လွယ်အိတ်ထဲမှ Necktieတစ်ခုကိုရောင်နီအမြန်ဆွဲယူရင်း သောင်းစန့်ရဲ့လည်ပင်းထက်၌သေသပ်စွာချည်ပေးလိုက်သည်။ မီးခိုးဖျော့ရောင်ရှပ်အင်္ကျီပေါ်မှာမှ တန်ဖိုးကြီးNecktieတစ်ခုက မောင့်ရဲ့သွင်ပြင်ကိုပို၍တောက်ပသွားစေသည်။
" ကြည့်ပါအုံး ငါ့ရဲ့ချစ်သူလေးကကြည့်ကောင်းလိုက်တာနော် "
ခပ်ချောချောမျက်နှာလေးအားမော့ကြည့်ရင်း ချီးကျူးလိုက်တော့ မောင်ကအနည်းငယ်ရှက်သွားပုံရသည်။ သူ့လည်ပင်းထက်၌မေးလာတင်ကာ မျက်နှာကွယ်ထားသည်။
" ဒါကမင်းအိမ်မက်တွေရဲ့ခြေလှမ်းအစပဲသောင်း အဲ့တာကြောင့်အမှားအယွင်းမရှိအောင်မင်းအရည်အချင်းတွေကို သေချာချပြခဲ့နော် "
YOU ARE READING
The Villain In Someone's Story(Completed)
Romansပြဿဒါးနေ့မှာ နှလုံးသားထဲ၀င်ရောက်လာပြီး ရက်ရာဇာမှာပြန်ထွက်မသွားဖို့ ဘုရားမှာအမြဲဆုတောင်းမယ်