Ch-18

3.2K 232 22
                                    

" အခုချိန်ကစပြီးမင်းရဲ့ခြေလှမ်းတွေ ကိုယ့်ခြံထဲကျူးကျော်လိုက်တာနဲ့ မင်းကကိုယ့်အပိုင်ပဲရောင်နီစံ "

ပြတ်သားစွာပြောလိုက်သောစကားကြောင့် ရောင်နီရဲ့အကြည့်တွေကစူးရှသွား၏။ တုံ့ဆိုင်းနေတဲ့သူ့ခြေလှမ်းတွေက ထိုခြံပြင်တွင်သာရပ်တန့်နေဆဲပင်။ ထွဋ်မောင်ကတော့ (မင်းဘာဆက်လုပ်မလဲ)ဆိုသည့်အကြည့်နှင့် သူ့အားစူးစိုက်ကြည့်နေတာဖြစ်သည်။

" ဘာရပ်လုပ်နေတာလဲ ၀င်လေ "

" ...... "

" မ၀င်ရဲရင်ငါလာပြီးဆွဲခေါ်ရမှာလား "

စိတ်မရှည်စွာပြောလာတဲ့ထွဋ်မောင်ကြောင့် သူ့အောက်နှုတ်ခမ်းကိုပင်ဖိကိုက်မိ၏။ မုန်းတီးတာမျိုးမရှိပေမယ့် ထွဋ်မောင်ကသူ့မိသားစုအပေါ်မှာကော သူ့အပေါ်မှာကောကျေးဇူးကြွေးတွေ များစွာရှိနေတာဖြစ်သည်။ အကယ်၍သူသာ ထိုခြံထဲခြေလှမ်းလိုက်ရင် ထွဋ်မောင်ကသူ့အား လက်လွှတ်တော့မည်မဟုတ်ပေ။

တုံ့ဆိုင်းနေတဲ့ခြေလှမ်းတွေကိုအားတင်းကာ ထိုခြံထဲကျူးကျော်လိုက်တော့ ထွဋ်မောင်ကကျေနပ်သွားသယောင်ပြုံးရယ်သည်။ သူ့လက်ထဲမှခရီးဆောင်အိတ်ကိုလည်း ထွဋ်မောင်ကအကြမ်းပတမ်းဆွဲယူကာ အိမ်ထဲ၀င်သွား၏။

" မနက်စာဘာစားလာလဲ "

အိမ်ထဲရောက်သည်နှင့် ထွဋ်မောင်ကသူ့မျက်နှာအားဆွဲမော့ကာ မေးမြန်းလာသည်။ ခွင့်မတောင်းပဲအသားယူတတ်တာတော့ အရင်အတိုင်းဘာမှမပြောင်းလဲ။

" နှာခေါင်းထိပ်တွေကလည်းနီရဲနေတာပဲ ဘယ်လောက်တောင်ငိုထားလဲမသိဘူး အိပ်ရေးကော၀ရဲ့လား "

" ဟုတ် "

" ဗိုက်ဆာနေပြီလား "

" ဟုတ်"

" ဘာစားချင်လဲ ကိုယ်ဘာလုပ်ပေးရမလဲ "

" ကျွန်တော်ဘာမှမစားချင်ဘူးဆရာ "

စိတ်ထဲအဆင်မပြေသေးတာကြောင့် သူခေါင်းကိုငုံ့ထားမိ၏။
၀မ်းနည်းစွာကျန်ခဲ့တဲ့အချစ်ဦးလေးတစ်ယောက် ဒီအချိန်အဆင်မှပြေပါ့မလားဟု တွေးတောမိတိုင်းသူ့ရင်ထဲပူလောင်ရသည်။ သို့ပေမယ့် နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့သာ ထိုလမ်းစဥ်ကိုသူရွေးချယ်ခဲ့ခြင်းဖြစ်သည်။

The Villain In Someone's Story(Completed) Where stories live. Discover now