-1-

840 53 9
                                    

ပြာလဲ့လဲ့ ကောင်းကင်ကြီးကို နောက်ခံထားပြီး ဝေဝဲနေတဲ့ တိမ်တွေအပေါ်မှာ တည်ရှိနေတဲ့ မက်မွန်ပင်ကို မှီနေတဲ့ နတ်ဘုရားငယ်လေးတစ်ပါးဟာ ကံကြမ္မာ ပေလွှာနှစ်ခုကို လက်ထဲမှာ ကိုင်ထားပြီး တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေဟန်ဖြင့် ပေလွှာများကို ကြည့်ရင်း....

" ကျွန်တော်တို့ နှစ်ယောက်လို အဆုံးသတ်မျိုး ဘယ်သူ့ကိုမှ မရစေချင်ဘူး...သူတို့ကို အခွင့်အရေးပေးသင့်တယ်လို့  ခင်ဗျားထင်လားဟင်...ခင်ဗျားလည်းကျနော်အနားမှာ အမြဲတမ်းရှိနေမယ်ဆိုတာ ကျွန်တော်သိတယ်...ကျနော်နဲ့ အတူ သူတို့ရဲ့ ကံတရားကိုပြောင်းလဲပြီး...အခွင့်အရေးပေးလိုက်ရအောင်...."

ထိုသို့ရေရွတ်လိုက်ပြီး လက်ထဲမှ ကံကြမ္မာ ပေလွှာနှစ်ခုပေါ်သို့ သွေးနှစ်စက်ချလိုက်တာနဲ့ အနီရောင် ကြိုးနီတစ်ခုက ထိုပေလွှာနှစ်ခုကို ရစ်ပတ်သွားလေသည်။

°°°••••°°°°••••°°°

"ဝှါးးးးး😪.."

"ဟဲ့...ထစမ်း..ဘယ်အချိန်ရှိပြီလဲ..နေကနင့်ဖင်ကိုထိုးရုံမကလို့ ဖင်ထဲဝင်တော့မယ်..ထစမ်း..ကာလိုင်း.."

"ရား...မမရာ..နင့်အပေါက်ကြီး ပိတ်ထားစမ်းပါ...အာ့တာကြောင့် နင်ဘဲမရတာ...ဝှါး...😪"

"သဒေါင်းစားလေး...ငါဆိုတဲ့..ရေချယ်က မရတာမဟုတ်ဘူးဟဲ့..မထားတာမထားတာ..အပူတွေမရှာချင်လို့.."

(A/N-Mochiရဲ့လက်သုံးစကားပါ🤧🤧)

" ခလူးး...ခလော.."

ရေချယ်-"ဟဲ့... နင်မထဘူးလား...နင်အခုချက်ချင်းထမလား...နင့်အတွက် ရိုစီကို လင်ရှာခိုင်းလိုက်ရမလား..."

ကာလိုင်း-" ဟမ်..ထပြီထပြီ...အမရိုစီနဲ့တော့ မခြောက်ကာနဲ့ မမရာ ငါဖင်ကျိန်းလာလို့ပါ..."

ရေချယ်-" အာ့တာဆို ထစမ်း...နင်ကျောင်း စတက်ရမှာမဟုတ်လား..."

ကာလိုင်-" Arr..ဟုတ်သား..ဘယ်နှနာရီလဲ.."

ရေချယ်-"အင်း..8နာရီ..35မိနစ်နဲ့..49စက္ကန့်...😏"

ကာလိုင်း-"ချီး....မမ ကျောင်းက9နာရီလေ...ရား..နောက်ကျတော့မှာပဲ..."

ကာလိုင်းတစ်ယောက်အမြန်လုပ်ရန် ကုတင်ပေါ်မှ လွှားကနဲ့ ခုန်ဆင်းကာ ရေချိုးခန်းထဲတွင် မျက်နှာသစ် ခြေလက်ဆေးပြီး ပြန်ထွက်လာလိုက်သည်။

CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱Where stories live. Discover now