မိုက် ယခုတလော အလွန်အလုပ်ရှုပ် နေလေသည်။
မိမိက ယုံကြည်လို့ Project ကိစ္စအဝဝကို တာဝန်ပေးထားတဲ့လူက တစ်ဖက် company ကိုရောင်းစားသွားလိမ့်မယ်လို့ဘယ်ထင်ပါ့မလဲ...။
အားလုံးသိတဲ့ အချိန်ကျတော့ နောက်ကျသွားပြီလေ...။
လူတွေ လူတွေ ယုံကြည်မိလိုက်တာနဲ့ ယုံကြည်မှုကိုအလွဲသုံးစား လုပ်ကြတယ်...။
မိုက် ကုမ္ပဏီကနေ အထွက် ကားပါကင်ရောက်တော့ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အသံအချို့ ကြားလိုက်သည်။
"ဟေ့ လူတွေ ရှင်တို့ကျမကို လွတ်နော်... မဟုတ်ရင် ရှင်တို့ ကျမအကြောင်းသိမယ်..."
"ဟားဟား...လူကောင်လေးက ပုပုသေးသေးလေးနဲ့ လေလုံးကကြီးလိုက်တာ..."
" ရှင်တို့ ဘာပြောလိုက်တယ်...ပြန်ပြောစမ်း.."
"လူက ပုပုသေးသေး..."
"ဘာ...ငါ့ကိုပုတယ်ပြောလိုက်တာလား..သေစမ်း.."
"အု..."
"မင်း..မင်း..."
"လာစမ်းဘာ...အိုက်ယား.."
"အား...ခွေးမ..နာတယ်လွှတ်လွှတ်..."
"ဟွန်း...မှတ်ပြီလား...ရေချယ်တဲ့.. တစ်ချယ်ထဲရှိတယ်...ဟူး..ငါ့အလုပ်လေးတော့ ပလုံပါပြီ...."
ရေချယ် က barတစ်ခုမှာ waiter လုပ်ခြင်းဖြစ်သည်။ အန္တရာယ်တော့များပေမဲ့..လစာကလည်း ကောင်းတယ်လေ..။
Dနေ့ကျမှ သူဋ္ဌေးက ထိုသူတွေကို လိုက်ပို့ခိုင်းတာနဲ့ သူလိုက်ပို့တော့ သူ့ကို မဟုတ်တာလုပ်ဖို့ကြံကြတယ်လေ...။သူလည်းပြေးရင်းနဲ့ Dကားပါကင်ထဲရောက်လာတာ..။
အရင်ကတော့အကောင်းပြောမလို့ဘဲ..ဘာလား...ငါ့ကိုများ ပုတယ်လေး..ဘာလေးနဲ့...ဘယ်ရမလဲ.. ရေချယ်ပဲ...အဲ့လူရဲ့ဂွကြားကို ဖြတ်ကန်ပစ်လိုက်တယ်...။
ကျိန်းသေတာတော့ သူ့မိန်းမအတွက်စိတ်မကောင်းဘူး...ဟီးးး။
ပြီးတော့ နောက်လူရဲ့ ဆံပင်ကိုဆွဲပီး လက်မောင်းကို သွေးထွက်တဲ့အထိ ကိုက်ပစ်လိုက်တယ်လေ...ရေချယ်က အတိုက်အခိုက်မတတ်တာမဟုတ်ဘူး...သူတို့က လူကောင်နည်းနည်းလေးထွားနေတော့ အရပ်မမှီလို့...stateမှာတုန်းက ခါးပတ်နက်ရထားပြီးသား....ဝါးးဟားးဟားး။
YOU ARE READING
CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱
RomantizmPhoenix System [Arc(6)]ရဲ့ side couple လေး မိုက် နဲ့ ကာလိုင်းးးး