အိုင်ယာ ကားပေါ်ရောက်တာနဲ့ သူရဲ့ ကစားစရာ bodyguard လေးဘက်ကို ကြည့်လိုက်သည်။
အိုင်ယာ-" မင်း..သူ့အကြောင်း..ဘယ်လောက်သိလို့လဲ..ဟမ်..သူနဲ့ဝေး..ဝေးနေစမ်းပါ"
ရေချယ်တစ်ယောက်ကတော့ အကြည့်စူးစူးကြီးနဲ့ကြည့်ခံနေရတာကိုမသိပဲ...
ရေချယ်-"သူ့ နာမည်က ရိုင်းသွေးဟန်တဲ့ ခင်ဖို့ကောင်းပါတယ် "
အိုင်ယာ-"ကျစ်..."
အိုင်ယာတစ်ယောက် သူမကိုယ် သူမဘာဖြစ်နေမှန်းလဲမသိတော့ပေ...။
အရင်ကဆို ရိုင်းသွေးဟန် လုပ်ချင်ရာလုပ်ပါစေ...
သူ့ဇယားတွေကို ဘယ်လောက်ပဲ ဖြတ်ခုတ်ပါစေ...
သူလုံးဝ စိတ်မဝင်စားသလို ဘောင်လည်းမသွင်းခဲ့ဘူး...။
အခု ဒီ ငတုံးမလေးကျမှ... ဟူး...အိုင်ယာ...နင်ဘယ်လိုဖြစ်နေရတာလဲကွာ...။
...........
မိုက်ရဲ့ ဘဝဟာ ထိုပွဲပီးတဲ့နောက်အရမ်းကိုပြောင်းလဲလာသည်။
မနက်ဆို company ရှေ့မှာ လာလာစောင့်နေတတ်ပြီး ညနေဘက်ရုံးဆင်းချိန်ဆို ကားပါကင်မှာ လာစောင့်နေတတ်သည့် အရှုပ်
တစ်ခုပေါ့...။ခုဆိုရင် company က လူတွေက အဲ့ကောင်လေးကိုဆို သည်းသည်းကဲကဲနဲ့...။
ဟိုကလည်း ဝန်ထမ်းတွေကို အမ..အမ...အကို..အကို..နဲ့...။
ဟိုဟာတွေကလည်း အဲ့ကောင်လေးလစာယူတာလာ ငါ့လစာယူတာလား ခွဲမရအောင် ကာလိုင်းလေး..ကာလိုင်းလေး..ကလေးလေး...ညီလေးနဲ့....။
စိတ်ပျက်စရာတွေ...။
"Knock..knock!!"
မိုက်-"ဝင်ခဲ့...."
တွင်း/မှူး-" Rea company ကနေပြီးတော့ ကိုယ်စားလှယ် Ms.Natalia ရောက်လာပါတယ် CEO"
မိုက်-" ဝင်ခိုင်းလိုက်.."
နာတာလီယာ-" Hello my boy! မတွေ့တာကြာရော...တို့ကိုရော မှတ်မိသေးလား.."
မိုက်-"နာတာလီ မင်း အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားစမ်း..."
နာတာလီ-" Youလေသံအရဆိုရင်တော့ တို့ကို အသေအချာမှတ်မိပုံပဲ..."
YOU ARE READING
CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱
RomancePhoenix System [Arc(6)]ရဲ့ side couple လေး မိုက် နဲ့ ကာလိုင်းးးး