နောက်ကအော်သံကတော့ ကုတင်ပေါ်ကနေကန်ချခံလိုက်ရတဲ့ ကာလိုင်းရဲ့အသံဖြစ်ပေသည်....။
ကာလိုင်း-"ဟင့် ...ကိုကိုကလည်း ကျနော် နာသွားပြီ..."
မိုက်-" မင်းဖင်ကြီး ကို သွားနာပါ့လား ခွေးကောင်..လူယုတ်မာ.."
ကာလိုင်း-"မောင့် ဖင်ကမနာပါဘူး.. နာချက်းနာ ကိုကိုသာ..."
မိုက်-"တိတ်စမ်း...မင်းထွက်သွား..."
ကာလိုင်း-" ကိုကိုက ကျွန်တော့်ကို တာဝန်မယူချင်တာလား...ကျွန်တော့်ရဲ့ လူပျိုဘဝလေးက ပျက်ဆီးသွားပြီ...အာ့တာ ကိုကိုကြောင့်..."
မိုက်တသ်ယောက် သူ့ရှေ့က ခွေးကောင်ပြောနေသော စကားတွေကြောင့် သူကပင် ထိုခွေးကောင်ကို ပျက်ဆီးခဲ့မိသလိုလို...အောက်ကနေရာသာ နာမနေရင် အဲ့ခွေးကောက်ပြောတာ တကယ်ယုံမိမှာ...။
မိုက်-"ခံရတာ...ငါပါဟ...မင်း...အ့"
မိုက် စိတ်တိုတိုနဲ့ ခေါင်းအုံးနဲ့ကောက်ပစ်ဖို့ဒူးကြွလိုက်ရာ စူးအောင့်လာတာကြောင့် ခွေလဲကျသွားသည်...။
ကာလိုင်း-"ကိုကို ဘာဖြစ်သွားသေးလဲ... မောင် တောင်းပန်ပါတယ်...လှဲနေလိုက်နော်.."
မိုက်-"အဟင့်...ခွေးကောင်... မင်းကြောင့်..."
ကာလိုင်း-"ဟုတ်ပါတယ် မောင့်ကြောင့်ပါ....မောင်မကောင်းတာ...အိပ်နေလိုက်နော်...ကျွန်တော် စားဖို့နဲ့ ဆေးတစ်ခုခုယူလာပေးမယ်..."
မိုက် ထွက်သွားတဲ့ ကောင်လေးရဲ့ကျောပြင်ငယ်လေးကိုကြည့်ပြီး သူ့လုပ်ခဲ့တာတွေအတွက် အားနာမိတယ်...။
ဒါပေမဲ့ ဒီလိုမျိုးကြီး အစားခံရလိမ့်မယ်လို့တော့ သူလည်း မထင်ထားခဲ့ဘူးလေ...။
ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့သာဆိုရင် နေရာတွေ အထက်အောက်တွေက အရေးမကြီးတော့ပါဘူး...။
သူတို့နှစ်ယောက်အတွက် ကံတရားက အခွင့်အရေးပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ...။
.......
ကာလိုင်းတစ်ယောက် အခန်းထဲကထွက်သည်နှင့် တံခါးဂမှာ ရစ်သီရစ်သီလုပ်နေသော အမဖြစ်သူနဲ့ ကျားမကျ မ မကျ တစ်ယောက်ကို တွေ့လိုက်ရသည်...။
![](https://img.wattpad.com/cover/332253669-288-k24059.jpg)
YOU ARE READING
CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱
Lãng mạnPhoenix System [Arc(6)]ရဲ့ side couple လေး မိုက် နဲ့ ကာလိုင်းးးး