-3-

276 41 7
                                    

ကာလိုင်းတစ်ယောက် ထွက်သွားတဲ့ သူဘက်ကို  ငိုင်ငိုင်ကြီး ကြည့်နေမိသည်။

ဘယ်လောက်ထိလဲ ဆိုတော့ မိုက်ရဲ့အနီးကပ်ကိုယ်ရံတော် တစ်ဖြစ်လဲ အတွင်းရေးမှူးလေး လာခေါ်မှသာ လာရင် ကိစ္စကို သတိရသည်။

တွင်း/မှုး-"ဟေ့ ကောင်လေး..မင်းDအထပ်ကို ဘာလာလုပ်တာလဲ.."

ကာလိုင်း-"အာ..ကျွန်တော်​က ### တက္ကသိုလ်ကပါ...။ ကျွန်တော်တို့ကျောင်းရဲ့ နှစ်ပတ်လည်အတွက် ကျောင်းအုပ်ကြီးက ဖိတ်ခိုင်းလိုက်လို့ပါ..."

တွင်း/မှုး-"ဟုတ်ပြီ..သွားတော့.."

ကာလိုင်း-"ဗျာ..ဟုတ်ကဲ့"

ကာလိုင်းလည်း အပြန်အောက်ကို ဆင်းလိုက်ပြီး ခနက လူကို တွေ့မလားလို့ ရှာကြည့်လိုက်သည်။

သို့သော် အရိပ်အယောင်ပင်မတွေ့တော့ချေ....။

------------

တွင်း/မှုး-"CEO..ceoရဲ့ တက္ကသိုလ်ကနေ ဖိတ်စာတစ်ခုရထားပါတယ်..."

မိုက်-"အရေး မပါတာတွေ...."

တွင်း/မှုး-"ceo...###တက္ကသိုလ်ကပါ..ကျောင်းအုပ်ကြီးကိုယ်တိုင်ဖိတ်ခိုင်းတာပါတဲ့..."

မိုက်-"ဘယ်ကျောင်း....ဘာ..ဘယ်နေ့လဲ..."

တွင်း/မှုး-"နောက်သုံးရက်နေရင်ပါ..."

မိုက်-"အဲ့နေ့အတွက်  အလုပ်တွေ ရှင်းလိုက်..."

မိုက် ဘဝမှာ အကြောက်ဆုံးလူတွေထဲက တစ်ယောက်က ###ကျောင်းက သူရဲ့ ဆရာမဟောင်း..ကျောင်းအုပ်ကြီးပင်...။

သူငယ်ငယ်ထဲက အခြခံတွေပိုင်နိုင်အောင် သင်ကြားဖို့ သူ့ရဲ့အဖေက သူ့ရဲ့သူငယ်ချင်း ဆရာမတစ်ယောက်ကို ငှားပြီး သင်စေခဲ့တယ်လေ...။

ငယ်ငယ်ထဲက စာမှ မဟုတ် သူ့စကားနားမထောင်ရင် ဖင်ချွတ်ပြီးရိုက်တာ...ကြီးလာတဲ့အထိပဲ..။

မသွားရင်..သူ့ကို ဖုန်းဆက်ပြီး နှစ်ရက်လောက်ဆူလိမ့်မယ်....သွားလိုက်တာက အန္တရာယ် ပိုကင်းသည်။

........

တွင်း/မှူး-"CEO..မိန်းကလေးတစ်​ယောက် ရောက်နေတယ်...နာမည်က ရေချယ်လို့ ပြောပါတယ်..."

CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱Where stories live. Discover now