-5-

214 42 5
                                    

ကျောင်းပွဲက ပြန်လာထဲက မိုက်ရဲ့ ရိုးစင်းပြီးဒေါသကြီးတဲ့ နေ့စဥ်ဘဝထဲဝယ် အရှုပ်ထုတ်တစ်ခု ဝင်ရောက်လာခဲ့သည်။

တွင်း/မှုး-"CEO ချောကလက် ရောက်နေပါတယ်...."

မိုက်-" ဘာ......"

အတွင်းရေးမှူးလေး ခင်ဗျာ သူ့CEOရဲ့ အေးစက်စက်အငွေ့သက်တွေကြောင့် ချောကလက်ဘူးလေးနဲ့ မိုးပြာရောင်ကတ်လေးအားထားကာ အခန်းပြင်သို့ အမြန်ထွက်လိုက်ပြီး မရှိတဲ့ အလုပ်ထဲ ခေါင်းစိုက်ထားလိုက်သည်။

............

...လွန်ခဲ့သော30min...

တွင်း/မှုးလေးတစ်ယောက် Lunch စားဖို့အပြင်ထွက်လာတုန်း သူ့ရဲ့လက်ကိုအတင်း ဆွဲသွား ခံလိုက်ရသည်။

တွင်း/မှူး-" မင်း..သေချင်နေတာလား.."

ကာလိုင်း-"အကို ကျနော်ကို မှတ်မိမှာပေါ့ ကျနော့်ကို ဒါလေး ceoဆီပေးပေး.."

တွင်း/မှုး-" မပေးနိုင်ဘူး..."

ကာလိုင်း-" Oh..ဟုတ်လား...ခင်ဗျား ချစ်သူနာမည်က အမရိုစီမလား...အင်း..သူက..ကျနော်မမသူငယ်ချင်းလေ..သူပြောတာ ကြားဘူးတယ်...အကို့ကို လင်ပေးစားချင်တယ်တဲ့...ကျနော်ထောက်ခံလိုက်ရမလား.."

တွင်း/မှုး-" မပြောပါနဲ့ကွာ...ငါတောင်းပန်ပါတယ်..သူကတကယ်လုပ်မှာ...."

ကာလိုင်း-"အာ့တာဆို ပေးပေး..ရော့"

ဟုဆိုကာ သူ့လက်ထဲသို့  ချောကလက်ဘူးနဲ့ စာလေးတစ်စောင်ပေးပြီး သူမဟုတ်သလို ထွက်သွားလေတော့သည်။

ကျန်ခဲ့တဲ့ အတွင်းရေးမှုးလေးမှာတော့....

ငိုမဲ့မဲ့ဖြင့် ထိုဘူးအားကိုင်ကာ ပြန်တက်လာခဲ့သည်။
Lunchလား မစားချင်တော့ဘူး..။

ရိုစီ..ရိုစီ...ဖူဂျီတောင်မကို ရည်းစားတော်ရတာ မလွယ်ပါ့လားနော်...။

.............

မိုက် သူ့ရှေ့က ချောကလက်ဘူးကိုကြည့်ပြီး အေးစက်စက် အော်ရာတွေ ထုတ်လွှင့်နေလေသည်။

ချောကလက်လေးတွေသာ အသက်ရှိရင် အေးလွန်းလို့ စောင်ခြုံဖို့ လိုနေမှာအသေအချာ....ပင်။

CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱Where stories live. Discover now