သူမော့ကြည့်လိုက်တော့ သူ့ရဲ့ ခွားသတောင်စေး ခွက်နဲ့တူလိုက်တာ....
ကာလိုင်း-" ဟီးးးခင်ဗျားက သူနဲ့သူလိုက်တာ...."
မိုက်-"......"
ကာလိုင်း-" သူ့လိုပဲ ချေတယ်နော်...အီးးဟီးးး"
မိုက်-" ကျစ်....လာပြန်မယ်.."
မိုက်တစ်ယောက် ငမူးကောင်အား လက်ကိုဆွဲတော့ မထကာ ရုန်းနေတဲ့ ငမူးကောင်အား ပုခုံးကနေဆွဲမကာ ခါးအား ထိန်းကိုင်ရင်းးး ကားရှိရာဆီသို့ခေါ်ထုတ်လာခဲ့သည်။
အိုင်ယာ နဲ့ ရေချယ်တို့ကတော့ ထွက်သွားတဲ့နှစ်ယောက်ကို ကြည့်ရင်းအတွေး ကိုယ်စီနှင့်...။
မိုက်တစ်ယောက် ငမူးကောင်အား ခက်ခက်ခဲခဲနှင့် ကားပေါ်တင်ပြီး သူကမောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။
နောက်မှ သူသတိရတာက ထိုငမူးအိမ်အား သူမသိတာကိုပင်...ကြံမရသည့်အဆုံး သူပိုင်သည့် hotel တစ်ခုဆီသာ မောင်းလိုက်တော့သည်။
ဒီညတော့ ဒီကောင်လေးကို hotelမှာပဲ ထားခဲ့လိုက်မည်...။
(A/N-ကိုယ်တို့ရဲ့ မိုက်ကြီးက ဒီတိုင်းထားခဲ့မှာတဲ့နော်...😁)
မိုက် လည်း VVIP အခန်းတစ်ခုယူကာ ထိုကောင်လေးအား တွဲကာ ထိုအခန်းသို့ ရောက်အောင်ဝင်လာခဲ့လိုက်သည်။
ထိုကောင်လေးအားကုတင်ပေါ်ချပေးလိုက်တော့ အမူးသမားက အူတူတူကြောင်တောင်တောင်ရုပ်နဲ့ ကြည့် လာသည်။
မိုက်လည်း အမြင်မတော်လို့ ဖိနပ်ချွတ်ပေးဖို့လုပ်လိုက်သည်...။
ဖိနပ်ချွတ်ပေးဖို့ အငုံ့ ကာလိုင်းက ရုတ်တရက်ထထိုင်လာသည်။
နီးကပ်သွားသော မျက်နှာနှစ်ခုကြားမှာ နေရာလွတ်အတော်သေးသေးလေးသာရှိတော့သည်...။
ကာလိုင်း တစ်ယောက်ရီဝေဝေဖြစ်နေပြီး သူ့ရဲ့ မိက်နှာရှေ့က လူဟာ သူသိပ်ချစ်တဲ့သူ......
အကျင့်မကောင်းတဲ့ crush စုတ်.....
"ပြွတ်..."
ထိုမျက်နှာခပ်ချောချောအား ကာလိုင်း ခပ်ဖွဖွနမ်းလိုက်သည်.. ။
YOU ARE READING
CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱
Lãng mạnPhoenix System [Arc(6)]ရဲ့ side couple လေး မိုက် နဲ့ ကာလိုင်းးးး