-4-

232 44 2
                                    

ကာလိုင်း ကျောင်းက ပွဲအတွက်သာ ပြင်ဆင်နေ ရတယ် စိတ်က မပါချေ။

စားလို့ သောက်လို့ မဝင်တာကလည်း ဟိုလူ့ကိုတွေ့ပြီးထဲက...။

တကယ်ကိုပဲ..ပြုစားလွန်းတယ်...။

ဟူးးးးးး။

ကာလိုင်းတစ်ယောက် ကျောင်းမှာ တစ်မှိုင်မှိုင် တထွေထွေ ဖြစ်နေတာကို လီယာ သာမကပဲ ကျောင်းရှိ အလှလေးများ​လည်း သူတို့ မင်းသားလေးမှိုင်နေတာကို သတိထားမိကြသည်။

သူတို့ရဲ့ social ကျတဲ့ မင်းသားလေးက အမြဲပြုံးရွှင်ပြီး လူတိုင်းကိုဖော်ရွေသည်လေ...အခုတော့ နှစ်ရက်လောက်ရှိပြီ တမှိုင်မှိုင်နဲ့မို့...သူတို့စိတ်ထဲတစ်မျိုးပဲ....။

သူတို့လည်း မနေနိုင်တာနဲ့....

Girls-"ကျမတို့ရဲ့ မင်းသားလေး ဘာတွေအလိုမကျ ဖြစ်နေတာလဲ
..မှိုင်လှချေလား..."

ကာလိုင်း-"အမိတို့ရယ်...ကျနော်မျိုးကို ခနလွှတ်ပေးထားပါ အချစ်နွံထဲ ကျွံနေလို့...."

Girls-" အို..အချစ်တောင်တွေ့ပြီလား..အသည်းလေးတွေကွဲပါပြီရှင်...ဘယ်အလှလေးကများ..ကျမတို့ရဲ့ မင်းသားလေးအသည်းနှလုံးကို ဖမ်းစားသွားတာပါလိမ့်...."

ကာလိုင်းလည်း သက်ပြင်းချလိုက်ကာ စိတ်ထဲတွင်တော့.....

အလှလေးမဟုတ်ဘူးဟေ့...ဘဲကြီး..ဘဲကြီး..ဟုသာအော်ဟစ်နေလိုက်တော့သည်။

ထိုမိန်းကလေး အုပ်စုများထဲမှ Fujoshi တစ်ယောက်ကတော့ဖြင့် သူတို့မင်းသားလေး ကွေးသွားပြီဆိုတာကို အကြည့်နဲ့တင် သိလိုက်သဖြင့် ပုလင်းကွဲရှသွားလေသည်။

--------

...ပွဲနေ့....

ကာလိုင်း Dနေ့ အိမ်ကထွက်ထဲက ရင်ဘတ်ထဲက ထူးထူးဆန်းဆန်းခုန်နေသည်။

မသိတော့ဘူးကွာ...။

သူလည်း ပုံမှန်လိုပဲ ပေါ့ပေါ့ပါးပါး ဘောင်းဘီတစ်ထည်ဝတ်လိုက်ပြီး သူတို့မေဂျာက တူညီT-shirt မိုးပြာရောင်လေး ဝတ်ကာ ဆံပင်တွေကိုတော့ လက်နဲ့ ခပ်ကြမ်းကြမ်းလေး ဖွလိုက်သည်။

အခုဆို သူ့ရဲ့ အရပ်နဲ့ ဝတ်ပုံစားပုံအရ ဂျစ်ကန်ကန် ကောင်ဆိုးလေးတစ်ယောက် ပုံစံ ဖြစ်နေလေသည်။

CEOဖြစ်ဖို့မလိုဘူးးးးCEOနဲ့ဖြစ်ဖို့ပဲလိုတယ်😱Where stories live. Discover now