နေ့လည်ခင်းမွန်းတည့်ချိန်တွင်...အိပ်ခန်း၏ထောင့်တစ်နေရာကအလုံပိတ်စတိုခန်းထဲသို့ဝင်ကာအထဲမှ lock ချလိုက်၏
ဟိုတစ်နေ့ကယူလာသော ဟန်နီး၏အရိုးပြာအိုးလေးသည် စတိုခန်း၏အလည်တည့်တည့်တွင်ဘောင်လှလှလေးများနှင့်ဖန်ကုဗတုံးကြီးထဲ၌ထည်ထည်ဝါဝါတည်ရှိနေသည်
ဟျွန်းဂျင်သည် အရိုးပြာအိုးရှေ့တွင် ဒူးများကိုထောက်ချလိုက်ကာ ဝမ်းနည်းမှု၊နာကျည်းမှု၊ဒေါသ၊အမုန်း တွေနဲ့ပေါင်းပြီးထွက်လာတဲ့အသံသဲ့သဲ့လေး..
"တောင်းပန်ပါတယ်..မင်းကိုမကာကွယ်လိုက်နိုင်တာကကိုယ့်ဘဝအတွက်အမှားအကြီးကြီးတစ်ခုပဲ..တစ်ကယ်တောင်းပန်ပါတယ်ကလေးရယ် အကယ်လို့ အကိုသာစောစောသတိလည်လာခဲ့ရင်ကလေးကိုကယ်နိုင်ခဲ့မှာ ဘယ်လောက်တောင်ပင်ပန်းခဲ့ရမလဲဟင် အကို့ကိုလုံးဝခွင့်မလွှတ်ပါနဲ့ ကာကွယ်ပေးပါမယ်ဆိုတဲ့ကတိကိုလည်းမတည်နိုင်ခဲ့လို့အကို့ကိုခွင့်မလွှတ်ပါနဲ့တော့ ဒီကိစ္စတွေပြီးသွားတာနဲ့အကိုသေချာပေါက်ပြန်ပေးဆပ်ပါ့မယ် လောလောဆယ်တော့ အီမင်ဟိုကိုတော့လက်စားချေခွင့်ပြုပါကလေး တောင်းပန်ပါတယ်!"
_1990 January_
"သားငယ် အဖေသွားနှင့်ပြီ သားနေကောင်းအောင်နေနော်"
အိပ်ပျော်နေသောသားဖြစ်သူ၏နဖူးအားဖွဖွလေးနမ်းကာထိုနေရာမှထထွက်လာကာ ခရီးဆောင်အိတ်အားယူ၍ အဝေးတစ်နေရာသို့ထွက်သွားခဲ့သည် အိပ်ပျော်နေတဲ့ကောင်ကလေးမှာတော့ ဘာမှမသိရှာ...
မနက်မိုးလင်းသော်
"ဖေဖေကကျွန်တော့ကိုချန်ခဲ့ပြီတဲ့လား"
"မဟုတ်တာသခင်လေးလျှောက်မတွေးပါနဲ့အလုပ်သွားလုပ်ရုံပါ။"
"မင်းယုံတယ်ပေါ့??"
"ဒါ..ဒါက"
ဘေး၌ရပ်နေသော သူ၏သက်တော်စောင့်လေးမှာ သခင်လေးအားဖြောင်းဖျပါသော်လည်းသခင်လေးလုံးဝမယုံတော့ပါ ငယ်ငယ်ကတည်းက အမေကလည်းဒီလိုပဲပြန်လာမှာပါဆိုပြီး ၁၅နှစ်ကြာသွားပြီအခုထိဘာအဆက်အသွယ်မှမရ ကြားလိုက်ရတဲ့သတင်းကလဲအမေဖြစ်သူက တခြားနိုင်ငံသားနဲ့လက်ထပ်ပြီးတစ်အိုးတစ်အိမ်ထူထောင်နေလေပြီတဲ့ သူလူတွေကိုထပ်မယုံချင်တော့ပါ အဖေလဲထွက်သွားပြီ မင်အိမ်တော်မှာ အမွေဆက်ခံထားတဲ့ သူနဲ့ သူ၏ညီမငယ် အီမင်အာ သာကျန်ရှိသည်။
YOU ARE READING
"The Revenge : A Past Life"[Hiatus]
Action"The Revenge" _ Season (1) *A Past Life* သိပ်သိတာပေါ့ကျွန်တော်အကို့အကြံစည်တွေကိုသေချာသိနေခဲ့တာပေါ့ ဒါပေမယ့်အကိုကကျွန်တော့ကိုတစ်ချက်တောင်လှည့်မကြည့်ပေးခဲ့ဘူး...။