(5)

135 20 20
                                    


4:00 a.m

4:30 a.m

5:00 a.m

အချိန်တွေသာတဖြုတ်ဖြုတ်ကုန်သွားတယ် ဟျွန်းဂျင်တစ်ယောက်အိပ်လို့မပျော်နိုင်သေးပေ

5:30 a.m

အိပ်မပျော်တော့တဲ့အဆုံး မီးဖိုချောင်ထဲဝင်ပြီးရေသာထသောက်တော့သည်။

ရေသောက်နေရင်းတွေးမိသည်က ညက သူကယ်ခဲ့သောဟိုကျောင်းသားလေးကိုပင်.. နာမည်က ဟန်ဂျီဆောင်းတဲ့ ဖောင်းကားပစ်နေတဲ့ပါးလေးတွေကလဲဆွဲညစ်ပစ်ချင်စရာ ကျောင်းယူနီဖောင်းနဲ့ဆိုတော့ကလေးလေးကျနေတာပဲ မျက်နှာချင်းဆိုင်ရမှာတောင်ကြောက်ရွံ့လာပြီ ထပ်တွေ့ရရင်မင်းရဲ့နွံထဲငါနစ်ဝင်သွားတော့မယ်ထင်တယ်..

ရေခွက်ကိုပြန်ထားကာ ရေဘူးအားရေခဲသေတ္တာအတွင်းသို့ပြန်ထည့်၍ အခန်းသို့ခဏသွားကြည့်မိသည်။

စောင်ထဲမှာကျုံ့ပြီးအိပ်မောကျနေတဲ့အသေးလေးရယ် ခဏကတံခါးရှေ့မှာအကြာကြီးအိပ်ထားတာတောင်မှ ဒီလိုအိပ်ပျော်နိုင်သေးတာပဲ တကယ့်ကိုကလေးလေးပဲ

ခဏတာငေးကြည့်ပြီးသည်နှင့် တိုက်ခန်း ဝရံတာဖက်ကိုထွက်လာခဲ့လိုက်သည် လေညှင်းခံနေတုန်း ဖုန်းသံမြည်လာသည်မို့ကြည့်လိုက်တော့ ဘယ်ကဆက်မှန်းမသိ တစ်ခါမှမမြင်ဖူးတဲ့ဖုန်းနံပါတ်ရယ်..

"ဟယ်လို"

"..."

"ဟယ်လို ကြားပါသလား??"

"..."

တစ်ဖက်ကဘာမှပြန်ဖြေမလာသည်မို့ ချဖို့ဟန်ပြင်တုန်း တဖက်ကအသံပေးလာသည်မို့ လက်တွန့်သွား၏

"ငါပါ"

"Channie hyung?"

"ငါ..ငါပြောစရာရှိတယ်"

"အာ hyung ပြောလေ"

"မင်းရဲ့...မင်းရဲ့အဖေ...."

"ဟင်..?"

တုန်ရီနေသောအသံအားကြားလိုက်တာနှင့်တစ်ခုခုဖြစ်နေပြီဆိုတာရိပ်မိလိုက်ပါသည်။

"မင်း..မင်းအဖေ..ဆေးရုံရောက်နေတယ်..အရေးပေါ်ခန်းထဲမှာ..အသက်..အသက်ဆုံးရှုံးနိုင်ခြေရှိတယ်တဲ့!"

"The Revenge : A Past Life"[Hiatus]Where stories live. Discover now