(6)

107 16 0
                                    


"အကို ဆေးရုံဆင်းလို့ရပြီတဲ့ ကျွန်တော်တို့ အထုပ်အပိုးတွေသိမ်းပြီး အန်ကယ့်အရိုးပြာအိုးဆီသွားကြမလား?"

"အင်း"

ဆိုသည်နှင့် အထုပ်တွေအကုန်သိမ်းကာ ဆေးရုံဝတ်စုံဝတ်ထားရာမှလဲ၍ကောင်တာမှာရှင်းစရာရှိတာရှင်းပြီးအရိုးပြာအိုးရှိသည့်အဆောက်အအုံဆီသို့လာခဲ့သည်။

အဖေ့အရိုးပြာအိုးထားသည့်နေရာမရောက်ခင်အကွေ့နားလေးတွင် lix တစ်ယောက်တစ်ဖက်အကွေ့ကလာသောသူနှင့် ဖက်ကနဲ ဝင်တိုက်မိ၏.. လဲကျတော့မည့် lix ၏ကိုယ်အား hyunjin ပခုံးမှထိန်းကိုင်ကာဖမ်းပေးလိုက်သည်

"တောင်းပန်ပါတယ်"

တစ်ဖက်လူက black suit နှင့် mask အနက်ရောင်၊ဦးထုပ်အနက်ရောင်အားတပ်ဆင်ထားသည်မို့ဘယ်သူလဲဆိုတာတော့မမြင်ရ၊မသိရပေ။

ထိုလူသည် သူတို့အားတစ်ချက်ကြည့်ကာဒီအတိုင်းထွက်သွား၏

"ဟင်..ဘယ်လိုလူလဲ ဘာမှလဲပြန်ပြောမသွားဘူး"

ကျန်နေတဲ့ lix မှာတော့တိုးတိုးတိတ်တိတ်အတင်းတုပ်လိုက်သေး.. ထိုပုံစံအား မြင်လိုက်သော ဟျွန်းဂျင်မှာလဲမရယ်မိအောင် အောက်နှုတ်ခမ်းအားဖိကိုက်ထားရသည်။

~

*Hwang Hyungjun* ဆိုသည့်အမည်နှင့် အဖေ့အရိုးပြာရှေ့ရောက်တော့ ထိုမှန်ဘောင်ထဲမှာပန်းစည်းလေးနှစ်ခုရှိနေတာမို့ဟျွန်းဂျင်စိတ်ရှုပ်သွားရသည်

ဘယ်သူလာထားသွားတာလဲ?
တစ်ခုကအမေထားသွားတာဆိုရင်ထားပါအုံး နောက်တစ်ခုကရော..?

"အကို ဘာငေးနေတာလဲ ပန်းစည်းထည့်လေ"

"အာ.."

lix ကဝင်သတိပေးလိုက်တော့မှလက်ထဲကပန်းစည်းအား ထိုမှန်ဘောင်ထဲသို့ထည့်လိုက်၏

"ကျွန်တော်အပြင်မှာစောင့်နေမယ် ဘလောက်ကြာကြာရတာမို့နှုတ်ဆက်လိုက်အုံးနော်အကို"

ဘာမှပြန်မပြောပဲအပြုံးတစ်ခုဖြင့်သာခေါင်းငြိမ့်ပြလိုက်၏
lix ထွက်သွားတော့ အဖေ၏ အရိုးပြာအိုးအားကြည့်ကာစကားဆိုမိသည်

"အဖေ..ဒါကတစ်ကယ်အဆုံးသတ်ပဲလားဟင် တစ်ကယ်ပဲကျွန်တော့အနောက်မှာအဖေမရှိပေးတော့ဘူးပေါ့.. ကောင်းကောင်းအနားယူနေရဲ့လားဟင်..? လောကကြီးကတရားလိုက်တာနော် ကျွန်တော်တို့အပေါ်ကိုတအားတရားလွန်းလို့မျက်ရည်တောင်ကျတယ်..အဖေစိတ်ချပါ ကျွန်တော်အဖေ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ တရားခံကိုရအောင်ရှာပြီး လက်စားပြန်ချေပစ်မှာမို့.."

"The Revenge : A Past Life"[Hiatus]Where stories live. Discover now