"toilet ထဲမှာများ အိမ်ဆောက်နေတာလားလို့""ကိစ္စလေးတွေရှိလို့ပါကလေးရဲ့"
သူတို့နှစ်ယောက် ဆိုင်မှထွက်လာကာ လမ်းလျှောက်ပြန်ဖို့ပဲ စဉ်းစားမိသည်
"ခင်ဗျားအိမ်ကဘယ်နားမှာလဲ"
"မင်အိမ်တော်"
"တကယ်ဦးနှောက်ထိသွားတာလားဟင်??"
"ဟမ်..ဘာကို..အော် ဟားဟား"
သူအခုမှသတိရသည် ဂျီဆောင်းမှာသူကမင်အိမ်တော်ကမှန်းအခုထိမသိသေးပေ..
"ရယ်ပြန်ပြီ နေတော့ ကျွန်တော်သွားပြီ"
"နေပါအုံး"
ဒီတစ်ခါလည်း ဂျီဆောင်းလက်အားလှမ်းဆွဲသူသည် သူသာလျှင်
"နာမည်?"
"ဘာလုပ်မှာလဲ သိတော့ရော ကလေးပဲခေါ်မှာဟာကို"
"သိချင်လို့ပေါ့ ကလေးရဲ့"
"ဟန်ဂျီဆောင်း"
"အော် ဟုတ်ပြီ ကိုယ့်နာမည်က အီမင်ဟို"
"ဘယ်သူကမေးနေလို့လဲ"
ဂျီဆောင်းသူကိုယ်တိုင်လဲနားမလည်နိုင်ပါ မင်ဟို့အပေါ်ဆို သူဆိုးပစ်ချင်သည် စွာပစ်ချင်သည် ဘာအကြောင်းကြောင့်လဲသူလဲသေချာသိမနေ၊သိလဲသိချင်မနေပါဘူး။
"ဂျစ်ကန်ကန်ပါလား"
"လွှတ်တော့ သွားတော့မယ်"
ထိုအခါမှ မင်ဟိုသည် လက်အားပြန်လွှတ်ပေးလိုက်တော့သည်
ဂျီဆောင်းလျှောက်သွားတာအနည်းငယ်လေးဝေးသွားတော့မှ မင်ဟိုကထအော်၏
"ကိုယ်သေချာပေါက် ကလေးကိုဆက်သွယ်လိုက်မယ်နော်"
ဂျီဆောင်းသည် သူ့အားကြားပေမယ့်မကြားချင်ယောင်ဆောင်နေသည်မှာသိသာလွန်းလှ..
ကလေး၏အရိပ်အယောင်ပျောက်သွားသည်အထိ မင်ဟို ထိုနေရာမှာပဲ စပ်ဖြီးဖြီးလုပ်နေသေးသည် လူကြီးမင်းတို့လည်း အီမင်ဟိုသည် မင်အိမ်တော်ကဆက်ခံသူ ခပ်ဆိုးဆိုး သခင်လေးမှန်း မေ့နေကြလောက်ရောပေါ့..!
~
"အဲ့ကောင်လေး အချက်အလက်တွေစုံစမ်းထားစမ်း"

YOU ARE READING
"The Revenge : A Past Life"[Hiatus]
Action"The Revenge" _ Season (1) *A Past Life* သိပ်သိတာပေါ့ကျွန်တော်အကို့အကြံစည်တွေကိုသေချာသိနေခဲ့တာပေါ့ ဒါပေမယ့်အကိုကကျွန်တော့ကိုတစ်ချက်တောင်လှည့်မကြည့်ပေးခဲ့ဘူး...။