(4)

138 19 12
                                    


ဒေါက်..ဒေါက်..ဒေါက်

"အကိုရေ"

ဒေါက်..ဒေါက်..ဒေါက်

"အကို..! အထဲမှာရှိနေလားဟင်?"

တိုက်ခန်းထဲမှ ဘာအသံမှပင်ထွက်မလာသည်မို့ ဖုန်းထုတ်ပြီးဆက်ရန်ပြင်တော့ဖုန်းပါဝါကလဲပိတ်နေပြီဖြစ်သည် ဒါပေမယ့်လည်းသူဒီတိုင်းလှည့်ပြန်မသွားချင်ပါ သူဒီနေ့ Hanlim Art Hight School ဝင်ခွင့်စာမေးပွဲအောင်လာသည်မို့ သူ့အားတစ်နှစ်ပတ်လုံးစာတွေရှင်းပြပေးနေကျအကိုအားကြွားလုံးထုတ်ပြီးကျေးဇူးတင်ချင်ပါသည် ပြန်လာမှာပဲဟုတွေးတောကာ တိုက်ခန်းတံခါးအားမှီထိုင်ကာ အမှတ်စာရင်းစာရွက်အားကိုင်လျက်သားထိုင်နေရင်းမသိလိုက်ပဲအိပ်ပျော်သွား၏ အချိန်ကတော့ ည၈နာရီကအိမ်ကနေထွက်လာတာစောင့်ရင်း ၁၀ နာရီထိုးလို့အိပ်ပျော်သွားခဲ့တာ သူက အဲ့အချိန်ဆိုအိပ်ပျော်နေကျပဲမလို့..!

~

လမ်းလေးဆုံအနောက်ဘက်လမ်းကတိတ်ဆိတ်တာကြောင့်ဟျွန်းဂျင်တစ်ယောက် တိတ်ဆိတ်မှုကိုခုံမင်သဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်
နည်းနည်းအကြာမှာတော့လမ်းမှပြန်ထွက်ရန်နောက်သို့ပြန်လှည့်သွားကာလျှောက်နေရင်းတဖြည်းဖြည်းနီးလာတော့ အနိုင်ကျင့်နေကြတဲ့အဖွဲ့တစ်ချို့အားတွေ့လိုက်သောကြောင့်ခဏတာ သစ်ပင်နောက်တွင်ပုန်းနေလိုက်ပြီး ၅ယောက်၁ယောက်အနိုင်ကျင့်နေကြတာဆိုတော့သူလဲမနေနိုင်ပေမယ့်ကျော်သွားဖို့စဥ်းစားမိပါသည် ဒီတိုင်းပြန်လှည့်ဖို့လုပ်ပေမယ့် တစ်ဖက်ကျောင်းသားက လဲကျနေတဲ့ကောင်လေးကိုထိုးလိုက်တာကြောင့် ထိုမြင်ကွင်းကိုလက်မခံနိုင်သဖြင့် ဟွမ်ဟျွန်းဂျင်ပီပီ လူသတ်ပစ်ဖို့အတွေးတွေဆက်တိုက်ဝင်လာပြီးထိုကျောင်းသားအားသွားတားပါ၏ ကိုယ်တောင်မသိလိုက်ဘဲနှင့် တဖက်ကျောင်းသား ငါးယောက်အားသတ်မိတော့မည့်အထိ စိတ်ကတင်းမာနေခဲ့ပါသည်။

timing မှတ်ပေးလိုက်တော့ထထွက်ပြေးသွားကြတာကိုကြည့်ပြီး အသိစိတ်ကစိတ်ကျေနပ်မိပေမယ့် မသိစိတ်ကတော့သတ်လိုက်၊မသတ်လို့မဖြစ်ဘူးလို့ပြောနေသယောင်..

ထိုကျောင်းသားများထွက်ပြေးသွားတော့တဖက်ကလှဲကျနေတဲ့ကျောင်းသားအားလှည့်ကြည့်တော့ သူ ယုံးဘို့ကိုစစတွေ့ခဲ့တုန်းကလိုမျိုးပဲရင်ခုန်သံကစည်းချက်ပျက်နေလေရဲ့

"The Revenge : A Past Life"[Hiatus]Where stories live. Discover now