"သခင်လေး Rhino.. ကားအသင့်ပြင်ထားပါပြီ Han Jisung-nim ရဲ့အုတ်ဂူကိုသွားဖို့အတွက်ပန်းစည်းလဲလုပ်ပြီးပါပြီ ပန်းစည်းကို americano smell ဖြန်းထားပါတယ်ခင်ဗျ""အင်း"
လေးလံနေတဲ့ခြေထောက်တွေကိုတစ်ချက်စီ မ သွားရင်းကားပေါ်သို့ကုပ်ကုပ်လေးတက်ကာ ကားမှန်ကိုပဲတစ်ချိန်လုံးငေးနေမိလေရဲ့...
လမ်းတစ်ဝက်လောက်ရောက်တော့ကားကဆီကုန်ပြီထင်ပါသည် ဒရိုင်ဘာကဆီအပြေးသွားဝယ်ဖို့ခွင့်တောင်းပြီးထွက်သွားခဲ့သည်။ ထိုအချိန်တွင် Rhino Lee တွေးနေမိတာကတော့ တစ်ချိန်ကကားထဲမှာဆိုသူ့ဘေးကနေအမြဲလိုက်လိုက်ရှုပ်နေတဲ့အရှုပ်ထုပ်လေးကိုပါပဲ..
~
ဒရိုင်ဘာပြန်ရောက်တော့ဆီမြန်မြန်ထည့်ပြီး Jisung အုတ်ဂူကိုဆက်လက်ခရီးဆက်သည်။
အုတ်ဂူကိုရောက်တော့ ကားထဲကနေဆန့်ဆန့်ငင်ငင်ထွက်လာပြီး ကားဒရိုင်ဘာကိုပြန်စေလို၏
Jisung အုတ်ဂူကိုလဲရောက်ရော ဒူးက ညွတ်ကနဲထောက်ချလိုက်ပြီးပါလာတဲ့ americano smell နဲ့ပန်းစည်းလေးကိုတင်လိုက်ပါတယ် ထွေထွေထူးထူးလုပ်မနေတော့ပါ ပန််းစည်းထားပြီးသည်နှင့် jisung အုတ်ဂူကနေထပြီး ပြန်ပါတော့တယ် တစ်လမ်းလုံးငိုင်ငိုင်ကြီးနဲ့ပါပဲ လမ်းသွားလမ်းလာတွေတောင်သူ့ကိုမြင်ပြီးရူးနေသည်ထင်ရသည့်အထိ..။သူဟာလမ်းလျှောက်ပြီး အိမ်ကိုပြန်သည်မဟုတ်၊ဂျီဆောင်းနဲ့လည်ခဲ့ဖူးတဲ့သွားခဲ့ဖူးတဲ့နေရာတွေကိုပြန်သွားခြင်းသာ..
အမှတ်တရတွေအများကြီးမှအများကြီးရှိခဲ့တဲ့ sashimi ဆိုင်ထဲကိုဝင်ထိုင်လိုက်ပြီးဂျီဆောင်းမှာနေကျလိုမျိုးပဲ ice americano နှစ်ခွက်နဲ့ sashimi တစ်ပွဲကိုမှာလိုက်သည် စားပွဲထိုးကတောင်မေးပါသေးတယ်ဧည့်သည်တစ်ယောက်ထပ်ရှိသေးတာလားတဲ့နှစ်ခွက်မှာတာမလို့မေးလာတယ် သူဘာမှပြန်မဖြေလိုက်ပါဘူး ဒါကြောင့်စားပွဲထိုးကလဲဒီတိုင်းပဲသူမှာတဲ့အတိုင်းချပေးလိုက်တယ်
sashimi စားနေရင်းမျက်ရည်တွေကတတောက်တောက်~ ညည်းမိလိုက်တဲ့စကားလေးတစ်ခွန်းက"ကလေးရယ် လွမ်းလိုက်တာ"
တဲ့!
~
YOU ARE READING
"The Revenge : A Past Life"[Hiatus]
Action"The Revenge" _ Season (1) *A Past Life* သိပ်သိတာပေါ့ကျွန်တော်အကို့အကြံစည်တွေကိုသေချာသိနေခဲ့တာပေါ့ ဒါပေမယ့်အကိုကကျွန်တော့ကိုတစ်ချက်တောင်လှည့်မကြည့်ပေးခဲ့ဘူး...။