*ကျွီ*"ဘာဖြစ်တာလဲအကို"
ကြက်ကြော်သွားစားမည် ဆိုကာ KFC ပင်မဆိုင်ကြီးဆီ လာခဲ့သော်လည်း လမ်းတစ်ဝက်မှာ ကားကကျွီကနဲမြည်လာသည်မို့ လန့်သွားခြင်းပင်
"ဘီးပေါက်သွားတာထင်တယ် အကို ခဏဆင်းကြည့်လိုက်အုံးမယ်နော်"
ဟူ၍ ကားထဲမှဆင်းကာ ရှေ့ဘီးတွေကို သေချာကြည့်တော့ သံတစ်ချောင်းကစိုက်ဝင်နေသည်မို့ လေကတဖြည်းဖြည်းချင်းစီ လျော့နေလေသည်
"ကျစ်"
ဘီးအားကြည့်ကာ စုတ်တစ်ချက်သပ်ပြီး ကား၏ lover seat ဖက်ခြမ်းသွားကာ တံခါးအားဖွင့်လိုက်သည်
"ဘီးပေါက်သွားတာသွားလို့ရတော့မယ်မထင်ဘူး ယုံးဘို့ကီ.."
ထို့သို့ပြောတော့ သူ့အသေးလေးက ဝမ်းနည်းသွားပုံ..
"အားနာလိုက်တာ အကိုနောက်တစ်ခေါက်ကျမှပဲ သေချာကျွေးတော့မယ် အကို ကားကုမ္ပဏီကိုဖုန်းတစ်ချက် ဆက်လိုက်အုံးမယ် ပြီးမှ ဒီနားကနီးတဲ့ဆိုင်မှာပဲ တစ်ခုခုဝင်စားသွားကြမယ်လေ"
"မဟုတ်တာအားမနာပါနဲ့ အကို ပြောသလိုပဲ အနီးနားကဆိုင်မှာပဲစားကြမယ်လေ အခုတော့အကို ဖုန်းဆက်လိုက်ပါအုံး ကျွန်တော်စောင့်နေမယ်။"
"အင်း"
ခေါင်းတစ်ချက်ငြိမ့်ကာ ဖုန်းအားထုတ်၍ တစ်ဖက်သွားကာဖုန်းပြောနေသော ဟျွန်းဂျင်၏နောက်ကျောအား အစဉ်မပျက်ငေးလျက်ရှိသော ယုံးဘို့ပါပဲ
တကယ်ပါ အကိုက နောက်ကျောကနေကြည့်ရင်တောင် ခန့်ညားလှသည် အကိုမို့လို့ပြောတာမဟုတ်ရပါ တကယ့်ကိုပင်ခန့်ညားလွန်းနေသည် ကမ္ဘာ့အချောဆုံးဆိုသည့် လူသားတောင် အကို့ခန့်ညားမှုကိုရှုံးမှာသေချာပေါက်ပင်...
~
"ကျွန်တော့်ကိုသိလို့လား??"
Mask တပ်မထားတဲ့ လူက Mask တပ်ထားတဲ့ ဂျီဆောင်းအား Mask ကြောင့်မျက်နှာလေးကို မြင်မရတာမို့ မှတ်မမိနေခြင်းပင်..
ဂျီဆောင်းမှာတော့ ဘာမှပြန်မဖြေပဲ ထိုနေရာမှ ထရပ် ပြီးဖှုံများအားခါလို့နေသည်
ထိုလူလည်း ထိုင်နေရာမှထလာပြီး ဂျီဆောင်း၏ မျက်နှာအား ကြည့်နေမိ
YOU ARE READING
"The Revenge : A Past Life"[Hiatus]
Боевик"The Revenge" _ Season (1) *A Past Life* သိပ်သိတာပေါ့ကျွန်တော်အကို့အကြံစည်တွေကိုသေချာသိနေခဲ့တာပေါ့ ဒါပေမယ့်အကိုကကျွန်တော့ကိုတစ်ချက်တောင်လှည့်မကြည့်ပေးခဲ့ဘူး...။