(9)

242 10 0
                                        


*ကားအက်ဆီးဒန့်ဖြစ်ခဲ့သောနေ့...*

Highway လမ်းတစ်လျှောက်အဆင်ပြေပြေမောင်းနှင်လာတဲ့ကားက လမ်းတစ်ဝက်မှာ စက်ရက်သွားလို့ လမ်းဘေးချရပ်ကာ ဖြတ်သွားဖြတ်လာကားဆီကလူတွေဆီ အကူအညီတောင်းရန် ကားပြင်ထွက်ကာ ရပ်စောင့်နေသော လူသည် အကြာကြီးရပ်စောင့်နေသော်လဲ ညနက်နေပြီဖြစ်တာကြောင့်ရော သူလာတဲ့လမ်းကလူသွားလူလာနည်းတာကြောင့်ရော အကူအညီရမယ့်လူတစ်ယောက်မှမတွေ့သေးပေ...

ထိုအချိန်တွင် တစ်ဖက်လမ်းမှ ကားတစ်စီးသည် အရှိန်နှင့်မောင်းနှင်လာကာ သူ့ဆီရောက်ခါနီးမှာနှေးသွားတာကြောင့် အကူအညီပေးမည်ဟုထင်၍ ကားအားသွား‌တားတော့သည်

မထင်မှတ်ထားသည်က ထိုကားသည် အရှိန်နှေးထားရာမှ အကူအညီတောင်းသူက ကားရှေ့လဲရောက်ရော အရှိန်ကိုမြင့်တင်ကာ ထိုသူအား ပြင်းထန်စွာ ဝင်တိုက်လေ၏

တိုက်ခံရသူမှာ သွေးအိုင်ထဲတွင်မှောက်လျက်လဲနေပြီး ခက်လှမ်းလှမ်းမှာရှိနေတဲ့ လက်ကိုင်ဖုန်းအား လှမ်းယူရန်ပြင်တော့ ဝင်တိုက်သွားသောကားထဲကလူသည် ကားထဲမှထွက်လာကာ ဖုန်းလှမ်းယူနေသောလက်အား နင်းချေပြီး အရူးတစ်ယောက်လိုရယ်နေလေသည်။

"ခ..ခဗျား ဘယ်..ဘယ်သူလဲ!"

သွေးအိုင်ထဲ၌ အသက် ဇီဝိန်ချုပ်ခါစပြုနေသော သူသည် အသက်အားမနည်းရှူသွင်းရှူထုတ်လုပ်ကာ စကားလှမ်းပြောတော့ ထိုလူမှာ မျက်နှာအားအုပ်ထားသော အနက်ရောင်စအား တစ်ဖက်ဖြုတ်ပြတော့ လဲနေသောသူမှာ မျက်နှာမြင်ပြီး အံ့ဩရိပ်များ ဖြတ်ပြေးသွားကာ မရှင်းမလင်း‌တဲ့စကားတစ်ခွန်းအား ပြောပြီး ထိုနေရာတွင်ပဲ နောက်တစ်ဘဝကူးပြောင်းသွားလေ၏။

နောက်ဆုံးသော စကားတစ်ခွန်းမှာ.......

"မင်း....."

ဆုံးသွားပြီဖြစ်သောမျက်စိရှေ့က လူအား သုံးချက်လောက်ကန်ထည့်ကာ ထိုင်လိုက်ပြီးနောက်

"ဆောရီး.. သူငယ်ချင်းလေးရေ မင်းမရှိမှ ငါ့တက်လမ်းကိုအနှောက်အယှက်မရှိမှာ"

ဟူသော စကားအားပြောပြီးသည်နှင့် သွေးတစ်ချို့စင်ထားလျက် ရှိသော ချုံပုတ်တစ်နေရာတွင် တံဆိပ်တုံးတစ်ခုအား တမင်သပ်သပ် ပြစ်ချခဲ့သည် တံဆိပ်တုံး ပေါ်ကစာသားလေးမှာတော့ 'MIN' ဟူ၍ပင်...။

"The Revenge : A Past Life"[Hiatus]Where stories live. Discover now