Chapter 5 (Unicode+zaw)

1.9K 18 0
                                    

Chapter 5

Minနဲ့ Song နဲ့ အဝတ်လဲခန်းတွင်စကားပြောနေစဉ်အဆက်

"ရှင် ဖြစ်ချင်တာပြောလိုက် ဘာလိုချင်လဲ"

ထိုစဉ်Songသည်Minမျက်နှာနားနီးနီးကပ်ကပ်ဆိုးလာ၏

"တီး...တီး"
ထိုသူသည်ဖုန်းမြည်သံ‌ ကြောင့်အိပ်ကပ်ထဲ၌ဖုန်းကိုထုတ်၍ ကိုင်လိုက်သည်။

[ပြော]

[မြို့တော်ဝန်ခင်ဗျာ ကျွန်တော်ကားအဆင်သင့်ဖ်စ်နေပါပြီ]

[ငါလာခဲ့မယ်]
ဖုန်းပြန်ချလိုက်သည်။

"မင်းကိုယ့်ကိုဘာလိုချင်လဲပြောထားတာ ညနေအလုပ်ဆင်းရင် မင်းကို လာခေါ်တဲ့ကားရှိလိမ့်မယ်"

"...."

"မင်းဘာမှပြန်မပြောဘူးဆို‌တော့ လက်ခံတယ်လို့သတ်မှတ်လိုက်မယ် ကိုယ်သွားပြီ"

ဖုန်းဆက်လာတဲ့လူကိုဘဲကျေးဇူးတင်ရမလားဘဲ ထိုသူနဲ့အနီးကပ်ရှိနေတာ အသက်ရှူဖို့တောင်မေ့သွားတယ် ငါဘာတွေပြောမိလိုက်ပါလိမ့် သေ‌စမ်း!

-----
ကားပေါ်တွင်

"မြို့တော်ဝန် အစည်းအဝေးနောက်ကျနေပြီဟာ ဘယ်ရောက်နေတာလဲ"
Songကိုပွစိပွစိ‌ ပြောနေတာကတော့Songရဲ့အတွင်းရေးမှူးKanဖြစ်ပါတယ်။

"...."
Song Kanမေးတာကို ဘာမှ ‌ပြန်မဖြေဘဲ ခုန က အကြောင်းအရာတွေကို တွေးရင်း ပြုံးနေမိသည်။

အစည်းအဝေးခန်းတွင်

"ဒီတစ်ခေါက် ပစ္စည်းတွေက အရင်လမ်းကြောင်း‌နဲ့ သွင်းဖို့ခက်မယ်ထင်တယ် မြို့တော်ဝန်ဘယ်လိုစီစဉ်ထားလဲ"
ဒီတစ်ခေါက်အစည်းအဝေးက တရားမဝင်ရှေးဟောင်းပစ္စည်းတွေတင်သွင်းဖို့ စီးပွားရေးမိတ်ဖက်တွေနဲ့ဆွေးနွေးတာပါ။ နိုင်ငံရေးသမားတစ်ချို့လဲပါပေမဲ့လို့။

"အဲအတွက် ဘာမှပူမနေနဲ့ ကျွန်တော်မှာ အစီအစဉ်ရှိပါတယ်"
Songပြန်ပြောလိုက်သည်

"အခုတလောရဲတွေရော သတင်းထောက်တွေမှာ အနံ့ခံနေကြတာ ဒီတစ်ခေါက် က ကျရှုံးရင် အရမ်းထိခိုက်နိုင်တယ်နော် ဒီတစ်ခေါက် ရွေးကောက်ပွဲအတွက် ဘတ်ဂျက် ထိခိုက်နိုင်တယ် ငါတို့မြို့တော်ဝန်ကို ယုံကြည်တယ်နော်"

My Secret (မြို့တော်ဝန်နဲ့သတင်းထောက်မလေး) Completed Donde viven las historias. Descúbrelo ahora