Chapter 17

570 14 6
                                    

Chapter 17

Minနိုးလာတော့ အခန်းတစ်ခုရဲ့ကြမ်းပြင်ပေါ်မှာ...အခန်းထဲဘာပစ္စည်းမှာမရှိသလို မှောင်မဲ‌ေနသဖြင့်‌ကြက်သီးများထလာ၏...အပြင်မှာ အသံတွေ ဆူညံပြီးကြား၍တံခါးဆီသိူ့သွားပြီး ဖွင့်ကြည့်လိုက်တော့.... ကိုယ့်မျက်လုံးတောင်မယုံနိုင်ပင် ...  အိမ်ပုံစံက အပေါ်ထပ်တွင် အတွင်းကို ဝရံတာ ပတ်လည်ဆောက်ထားပြီး အောက်ဘက် ငုံကြည့်လိုက်တော့ သီချင်းတွေနဲ့ကခုံနေကြသည်...
တစ်ယောက်နဲ့တစ်ယောက် ပွတ်သီပွတ်သတ်ဖြင့် နမ်းနေကြသော လူတစ်ချို့ ... Min ပတ်ဝန်းကျင်ကိုအကဲခတ်နေတုန်း အနောက်မှ ပခုံးကိုလာပုတ်သော လူကြောင့် လန့်သွားသည်...

Someone:"ကျွန်တော်နဲ့လိုက်ခဲ့ပါ"

Min:"ဘယ်လဲ"

ပြန်မဖြေဘဲလက်အမူအရာဖြင့်ရှေ့ကိုညွန်ပြသဖြင့် Minလဲ လိုက်လာခဲ့သည်...

အခန်းတစ်ခုသို့ရောက်သော် ဆေးလိပ်နံ့မွှန်စွာ တစ်ခန်းလုံးထောင်းထောင်းထ ... ကြည့်ရသလောက် ပြတင်းပေါက်လုံးဝမရှိဘူး တစ်အိမ်လုံး...

"ဘယ်လိုလဲ အိပ်ရေးဝရဲ့ လား" ဟု ရှေ့မှာထိုင်နေတဲ့မိန်းမကြီးမှ မေးလာ၏...

Min:"ရှင်ကဘယ်သူလဲ ကျွန်မကရော ဘယ်ရောက်နေတာလဲ"

"ငါကမင်းသိနေပြီတောင်ထင်တာ မင်းကြည့်ရတာဉာဏ်ကောင်းမလိုလိုနဲ့တုံးတာဘဲ ဟက်"

Min:"ရှင်စကားပြောတာကြည့်ပြောနော် ရှင်နဲ့ကျွန်မနဲ့ ခုမှတွေ့ဖူးတာ ရှင်စကားပြောတာမရင့်နဲ့ ကျွန်မဘယ်ရောက်နေတာလဲ!" ဟုဆိုတာ မိန်းမကြီးလည်ပင်းကို မြန်ဆန်စွာသွားပြီးညစ်နေမိသည်...

ထိုအခါ အခန်းအတွင်းမှ လူတစ်ချို့က Minကို *တ်နတ်ဖြင့် ချိန်လာ၏... ထိုမိန်းမကြီးကလဲ မင့်လက်ကို ဆွဲယူလိမ်ချိုးပြီး ကြမ်းပြင်ပေါ်သို့ မှောက်‌‌ စေသည်...

"သေးသေးလေးကစိတ်တော့ကြီးသားဘဲ ဟက် မင်းစိတ်အေးအေးထားဖို့လိုတယ် ဂျိုကြွနေရင် ဘာလုပ်မိမလဲ အာမမခံဘူး ကြားလား!"

"မင်းအရမ်းသိချင်ရင် ငါပြောပြမယ် ငါက ဒီကခေါင်းဆောင်ဘဲ ငါ့နာမည်ကကျန် .. အမကျန်လို့အားလုံးကခေါ်တယ် ...မင်းကို ယွမ် 3000 နဲ့လာရောင်းသွားတာ အဲတော့ ငါ့ကိုပိုက်ဆံပြန်ရှာပေးရမယ်လေ"

My Secret (မြို့တော်ဝန်နဲ့သတင်းထောက်မလေး) Completed Dove le storie prendono vita. Scoprilo ora