Chapter 14
Rung pov's
Minဆီက ဖုန်းရရပြီးခြင်း လေယာဉ်လက်မှတ်ချက်ခြင်းဖြတ်ပြီး Hawaii ကို လိုက်လာခဲ့တယ်
နောက်တစ်ရက်မှ ရောက်လာခဲ့၍ Reception ကို Minပြောတဲ့ room number အတိုင်းတောင်းပေမဲ့ အဆင်မပြေဘူးပြောတယ်...ပိုက်ဆံပိုပေးမယ်ပြောပေမဲ့ လူရှိတယ် မရပါဘူးတဲ့ ... အဲဆို မင်ရှိနေသေးတာဘဲလို့ထင်လိုက်မိတယ် ... Hotel ကို အစအဆုံးပတ်ကြည့် မင့်ကို လိုက်ရှာပေမဲ့ ဘယ်မှာမှမတွေ့ဘူး ... ငါစိတ်ပူလိုက်တာ မင်ရယ် မင်းဘယ်မှာလဲ ... ငါ မင်နေသွားတဲ့ အခန်းကို ဝင်ကိုဝင်မှ ဖြစ်တော့မယ် ...
ညဘက် အခန်းရှေ့တွင် rung တံခါးကို ပင်အပ်ဖြင့်ခိုးဖွင့်...အခန်းထဲတွင် ဘယ်သူမှ ရှိဟန်မပေါ်ပေ... Toiletထဲ မြန်မြန်ဝင်ပြီး မင်ရဲ့ဖုန်းကိုရှာ၏... ဖုန်းလဲမရှိပေ...
'ဟာ သွားပါပြီ မင်တော့ ဒုက္ခရောက်နေပြီထင်တယ်'
"တီ တီ " (ဖုန်းဝင်သံ)
"ဟယ်လို chet မြို့တော်ဝန် song မြို့ထဲမှာ ရှိလား စုံစမ်းပေး နောက်ယောင်ခံလိုက်ထား ငါ အခု Hawaii ရောက်နေတာ ငါ့သူငယ်ချင်း တစ်ခုခုဖြစ်နေပြီထင်တယ်"
"ဟုတ်ကဲ့ ဆရာ"
---
"တီ တီ"
"ဟယ်လို အယ်ဒီတာချုပ် ကျွန်တော် rungပါ မင့်ရဲ့သူငယ်ချင်း မင်အခုတလော ဆက်သွယ်သေးလား ခင်ဗျားကို"
"မဆက်သွယ်ဘူး"
"ခင်ဗျားသေချာလား"
"သေ..သေချာပါတယ်"
"ကျုပ်ကရဲတစ်ယောက်နော် ခင်ဗျားလိမ်ရင် ... ကျွန်တော် ခင်ဗျားဆီလာပြီးမေးရင်ပိုဆိုးမယ်"
"အမှန်တကယ်တော့ မင် အလုပ်ကိစ္စကြောင့် Hawaii ကိုသွားပါတယ်"
"ဘာအလုပ်ကိစ္စလဲ ဟမ်း"
"အဲတာတော့ ပြောလို့..."
"ကျုပ်စိတ်ရှည်တာမဟုတ်ဘူးနော်"
"သတင်းကိစ္စပါ မြို့တော်ဝန်ဆောင်းကို လိုက်နေတာပါ ဘာလို့လဲ"
"ခင်ဗျားသိတာ ဒါဘဲလား"
"ဟုတ်ပါတယ်"
"တူး တူး" (ဖုန်းချသံ)
STAI LEGGENDO
My Secret (မြို့တော်ဝန်နဲ့သတင်းထောက်မလေး) Completed
AvventuraYukiရဲ့ စိတ်ကူးယဉ်ရေးသား ခြင်းသာဖြစ်တဲ့အတွက်ဘယ်သူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းကိုမှနစ်နာစော်ကားလိုခြင်းမရှိပါ။ #Normal, #BL Rating 21+ Completed